ရွှေသောင်ယံမြို့တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်ဓာတ်အားလိုင်းများ လိုက်လံစစ်ဆေး

ရွှေသောင်ယံ ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက်ပိုင်းက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ် အင်ဂျင်နီရာ၏  ကြီးကြပ်မှု ဖြင့်ဝန်ထမ်းများမှမြို့တွင်းရှိ လျှပ်စစ်ဓာတ်အားလိုင်းများ၊ ဓာတ်တိုင်များနှင့် လျှပ်စစ်ပစ္စည်း ကိရိယာများကို ကွင်းဆင်းလိုက်လံ စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် မိုးရာသီအတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန်၊ ဓာတ်အားဖြန့်ဖြူးမှု ပိုမိုကောင်းမွန်စေရန်နှင့် ဖြစ်ပေါ်လာနိုင်သည့်ချို့ယွင်းချက်များကို ကြိုတင်ရှာဖွေပြုစု နိုင်ရေးအတွက် ဓာတ်အားလိုင်းများ၊ လျှပ်စစ်ဓာတ်တိုင်များနှင့် ဆက်စပ်ပစ္စည်းများကို အသေးစိတ်စစ် ဆေးခဲ့ကြောင်းသိရသည်။

ရွှေသောင်ယံမြို့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများက ပြည်သူများ လျှပ်စစ်ဓာတ်အားကို ဘေးကင်းလုံခြုံံစွာ အသုံးပြုနိုင်ရေးနှင့် ဓာတ်အားပြတ်တောက်မှု များလျော့နည်း စေရေးအတွက် ယခုလိုကွင်းဆင်း စစ်ဆေးခြင်းများကိုပုံမှန်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ကိုကိုမောင်