သတင်းများ

မကျီးတိုင်းကျေးရွာတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း ရှင်းလင်းဆွေးနွေးပွဲပြုလုပ်
Feb 29,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အစီအစဉ်ဖြင့် ဌာနဆိုင်ရာများပါဝင်သောအဖွဲ့သည်၊ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာများကို ကျေးရွာများအရောက် ကွင်းဆင်းရှင်းလင်းဆွေးနွေးလျက်ရှိရာ၊ ယမန်နေ့မွန်းလွဲ(၂)နာရီက မကျီးတိုင်း ကျေးရွာအုပ်စု မကျီးတိုင်းကျေးရွာသို့ရောက်ရှိကြပြီး၊ ရွာလယ်ရှိ စိတ္တသုခဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း ရှင်းလင်းဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 29,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးချုပ်မှ ထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့နံနက် (၁၀)နာရီက မြို့မဈေးလမ်းဆုံ၊ ဈေးအတွင်း/အပြင်နှင့် လူစည်ကာရာ‌ နေရာများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဒေသဖွံ့ဖြိုးရေး အထွေထွေလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Feb 29,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအထွေထွေ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သာပေါင်းမြို့နယ် တည်ဆောက်ရေးလုပ်ငန်းစစ်ဆေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ကညင်ပင်ကျေးရွာနှင့် အင်းကလေးကျေးရွာ၊ တဘူးချောင်းကူး ကွန်ကရစ်တံတားဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး
Feb 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် တည်ဆောက်ရေးလုပ်ငန်းစစ်ဆေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌမှ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၄ နာရီအချိန်က ကညင်ပင်ကျေးရွာအုပ်စု၊ ကညင်ပင် ကျေးရွာနှင့် ထန်းဇင်လှကျေးရွာအုပ်စု၊ အင်းကလေးကျေးရွာ၊ တဘူးချောင်းကူး ကွန်ကရစ်တံတား (၁၇၅ ပေx ၁၂ ပေ x ၃၂ ပေ) ဆောက်လုပ်နေမှု လုပ်ငန်းခွင်အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ပျဉ်းမနားမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Feb 29,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများ တက်ရောက်ခဲ့သည်။
ကျောက်ဆည်မြို့၌ စူဠဘွဲ့နှင်းသဘင်နှင့်မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်
Feb 29,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ၂၀၂၃ ခုနှစ်၊ မတ်လ၊ ဧပြီလနှင့်ဇွန်လများအတွင်း ကျင်းပပြုလုပ်ခဲ့သော ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲ၊ နိကာယ်စာမေးပွဲများတွင် ဖြေဆိုအောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား စူဠဘွဲ့နှင်းသဘင်နှင့် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ၂၀၂၄-ခုနှစ်၊ မတ်လ(၁)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်၌ ကျောက်ဆည်မြို့ ဆူးကုန်းရပ်ကွက် သီရိသာသနာ့ဓမ္မာရုံတွင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက် ၇၆၀၃ ဧကစိုက်ပျိုးပြီးဖြစ်
Feb 29,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက် ၇၆၀၃ ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း ကန့်ဘလူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်မန်ဆူစေတီတော်မုခ်ဦး အနီးဝန်းကျင် ကွန်ကရစ် ခင်းနေမှုများကို မြို့နယ်စည်ပင်သာယာဌာနမှ အမှုဆောင်အရာရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Feb 29,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် မန်ဆူစေတီတော်မြတ်ကြီး၏ မုခ်ဦးအနီး ကွန်ကရစ်လမ်းခင်းကျင်းလျက်ရှိနေကြောင်း သိရသည်။