သတင်းများ

မုံရွာမြို့ ချင်းတွင်းမြစ်အတွင်း ရေဆင်းကူးသူတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွား
Mar 01,2024
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မုံရွာတောင်ရပ်ကွက်ရှိ (Ocean Supermarket) အနီး ဇာတ်ဆိပ် ချင်းတွင်းမြစ်အတွင်း ကျား(၁)ဦး ယမန်နေ့ မွန်းတည့် (၁၂) နာရီခွဲက ရေဆင်းကူးရာမှ ပျောက်ဆုံးမှုဖြစ်ပွား၍ သတင်းအရ တာဝန်ရှိသူများနှင့် ပြည်သူများပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှအသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွားများအတွက် လူမှုရေးပင်စင်များထောက်ပံ့ပေးအပ်
Mar 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းကို ယမန်နေ့နေ့လည်ပိုင်းက ကြံခင်းမြို့ဧရာဦးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း‌ဒေသကြီး စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Mar 01,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့ ရုံးရှိဝန်ထမ်းများနှင့် ခရိုင်နှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတို့မှ ဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဥပဒေဘောင်အတွင်းဝင်ရောက်လာသည့် PDF သင်တန်းဆင်း အလင်းဝင်ရောက်သူများအား ၎င်းတို့၏ မိဘအုပ်ထိန်းသူထံ လွှဲပြောင်းပေးအပ်
Mar 01,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူအား၊ ကြိုဆိုလက်ခံခြင်း၊ ဆုကြေးငွေထောက်ပံ့ပေးခြင်း၊ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး) ၊ အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။
ကလေးဝမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်
Mar 01,2024
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ အထွထွေအုပ်ချုပ်ရေဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိအကြီးအကဲများ၊ ၀န်ထမ်းများ၊ ရပ်ကွက်ကျေးရွာစီမံအုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ကျောက်ဆည်မြို့နယ်တွင် နွေသီးနှံမျိုးစုံ (၄၁၆၈၇)ဧက စိုက်ပျိုးသွားမည်
Feb 29,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊‌ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ရေရရှိရေးနည်းလမ်းများအလိုက် နွေသီးနှံမျိုးစုံ (၄၁၆၈၇) ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
အမ်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်
Feb 29,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမ်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်(၁၁)နာရီအချိန်က ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)အမှတ်(၁၅)တွင် စာရေးဆရာမောင်မောင်မြင့်သိန်း ရေးသားသည့် “ခန့်မှန်းရခက်သောအနာဂတ်ကို နိုင်နင်းအောင်ဆောင်ရွက်နေသော လူငယ်များ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံပညာကျောင်းများတွင် Grade-9 သင်ရိုးသစ်စာမေးပွဲ ဖြေဆိုပြီးစီး
Feb 29,2024
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (Grade-9) သင်ရိုးသစ်စာမေးပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုလျက်ရှိသည့် ယမန်နေ့က သိပ္ပံဘာသာရပ် ဖြေဆိုခဲ့ကြပြီး (Grade-9) သင်ရိုးသစ်စာမေးပွဲ အောင်မြင်စွာ ဖြေဆိုပြီးစီးခဲ့ပြီဖြစ်သည်။