သတင်းများ

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် စာရေးဆရာအသင်းနှစ်ပတ်လည်အစည်းအဝေး ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ
Feb 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည်အစည်းအဝေး၊ လစ်လပ်အမှုဆောင်သစ်ရွေးချယ်ခြင်းပွဲနှင့် ဘွဲ့ထူး၊ ဂုဏ်ထူးနှင့် စာပေဆုရအသင်းဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့မွန်းလွဲ (၁၂း၃၀) နာရီအချိန်က ကျင်းပခဲ့သည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ ရေးသူ၊ ဖတ်သူ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပ
Feb 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre) ၌ ယမန်နေ့ မွန်းလွဲ (၃) နာရီက စာပေချစ်မြတ်နိုးသူများနှင့် ရေးသူ၊ ဖတ်သူ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
မြစ်သားမြို့နယ်တွင် ရွှေဖလားမျိုးကြက်သွန်နီများ အထွက်နှုန်းကောင်းမွန်ပြီး စျေးနှုန်းတည်ငြိမ်လျက်ရှိ
Feb 29,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ရှိ ကြက်သွန်နီပွဲရုံများတွင် ဒေသခံတောင်သူများ စိုက်ပျိုးရောင်းချသည့် ကြက်သွန်နီကုန်များ အဝင်များလျက်ရှိပြီး စျေးနှုန်းမှာလည်း တည်ငြိမ်မှုရှိကြောင်း ကြက်သွန်စိုက်တောင်သူတစ်ဦးထံမှ သိရသည်။
ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာဆွေးနွေးပွဲ အခမ်းအနားပြုလုပ်
Feb 29,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင်အ‌ထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျိုင်းတုံမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်
Feb 29,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ နိုင်ငံတော်မှထောက်ပံ့ပေးသည့် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယနေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ပေါင်းတည်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Feb 29,2024
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကိုစောင့်ထိန်းရန် နိုင်ငံသားတိုင်းတွင်တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရေးနှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁ဝ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်သည်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် စကားဝိုင်းကျင်းပ
Feb 29,2024
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အရှေ့ပိုင်းခရိုင်အတွင်း အမျိုးသမီးအရေးဆောင်ရွက်ချက်များ "စကားဝိုင်း" ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဘားအံမြို့တွင် (၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နောင်ယာဖေး-ထူးဂုဏ်-ဝေပုလ္လကျေးရွာချင်းဆက် ကျောက်လမ်းသစ်ဖွင့်လှစ်
Feb 29,2024
(၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့်  ULURU MM Co.,Ltd မှ တာဝန်ယူ ဆောင်ရွက်သော ဘားအံမြို့နယ်၊ နောင်ယာဖေး-ထူးဂုဏ်-ဝေပုလ္လကျေးရွာချင်းဆက် ကျောက်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက နောင်ယာဖေးကျေးရွာရှိ အဆိုပါလမ်းမုခ်ဦး တည်နေရာ၌ ကျင်းပသည်။