မင်းဘူး ဖေဖော်ဝါရီ ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် ကုန်းသာကျေးရွာဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲများကို ယမန်နေ့ နေ့လယ် ၁ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ ဆွေးနွေးဟောပြောရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ရဲမှူးလှိုင်ဝင်းက ကောလဟလ သတင်းတု၊ သတင်းအမှားများနှင့်ပတ်သက်၍လည်းကောင်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်ဝင်းက စစ်မှုထမ်းဥပဒေဆိုင်ရာ သိသင့်၊ သိထိုက်သည့် အချက်များကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်နှင့် အကျိုးခံစားခွင့်များကိုလည်းကောင်း၊ ဒုမြို့နယ်ဥပဒေအရာရှိ ဦးအောင်ဟိန်းထက်က ဥပဒေအကြောင်းအရာများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒေသခံပြည်သူများအား သိရှိနားလည်သဘောပေါက်စေရန် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)