လယ်ဝေး ဖေဖော်ဝါရီ ၂၇
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်နှင့် လုပ်သက်ပြည့်ပင်စင်လစာငွေများအား လစဥ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီအချိန်မှစ၍ ဆက်လက်ထုတ်ပေးလျက်ရှိသည်။
မြို့နယ်အတွင်းရှိ အငြိမ်းဝန်ထမ်းများအနေဖြင့် ပင်စင်လစာငွေများကို မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် ၎င်း၏ မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက်ထုတ်ယူနိုင်ကြောင်း၊ ပင်စင်လစာငွေများ လာရောက်ထုတ်သူများအား မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများက အဆင်ပြေချောမွေ့စွာထုတ်ယူနိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယမန်နေ့တွင် ၂၀၈ ဦး လာရောက်ထုတ်ယူခဲ့ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။
အိအိငြိမ်းဖြူ(ပြန်/ဆက်)