ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အေးသာယာစက်မှုဇုန်နှင့် ရှမ်းရိုးမ မွေးမြူရေးဇုန်သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Feb 27,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက်(၈)နာရီခွဲက တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့သစ်၊ စက်မှုဇုန်ရှိ MSMEs အသေးစား၊ အလတ်စား၊ အငယ်စား ထုတ်ကုန်တစ်ခုဖြစ်သော ဒေသထွက်ကုန်ပစ္စည်းပြောင်းမှ စူပါဝင်းကြက်အစာ၊ ဝက်အစာထုတ်လုပ်နေသည့် စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ခံမှ ကြက်အစာစက်ရုံနှင့်ပတ်သက်၍ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကြက်အစာစပ်ရာတွင် အသုံးပြုမည့်ပစ္စည်းများနှင့် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။