(၂၀၂၃-၂၀၂၄) ပညာသင်နှစ် Grade-5 နှင့် Grade-9 စာမေးပွဲအား ကျောက်ကြီးမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် သင်္ချာဘာသာရပ်ဖြေဆို

ကျောက်ကြီး ဖေဖော်ဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် Grade - 5 နှင့် Grade - 9 စာမေးပွဲအား ကျောက်ကြီးမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် သင်္ချာဘာသာရပ်အား အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

 ကျောက်ကြီးမြို့နယ်၌ Grade - 5 နှင့် Grade - 9 စာမေးပွဲအား ကျောက်ကြီးမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆို နေစဉ်ကာလအတွင်း စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မတော်သားများ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များက ယာဉ်အန္တရာယ်ကင်းဝေးစေရန် ယာဉ်လမ်းရှင်းလင်းရေး လုပ်ငန်းများ၊ ဆူညံ သံများ မဖြစ်ပွားစေရေး၊ မီးဘေးလုံခြုံရေးနှင့် ခိုက်ရန်ဖြစ်ပွားမှုများ မဖြစ်ပေါ်စေရေးအတွက် အပြင်စည်း  လုံခြုံရေးတာဝန်များ အနီးကပ်ကြီးကြပ်စီမံဆောင်ရွက်ထားကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်