ပြင်ဦးလွင်မြို့ သမိုင်းဝင် မဟာရွှေမြင်တင်စေတီတော်မြတ်ကြီး၏ (၁၁၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲအထိမ်းအမှတ် သံဃာ့ဒါနဆွမ်းတော်ကြီး လောင်းလှူပွဲ ကျင်းပ   

ပြင်ဦးလွင် ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်မဟာရွှေမြင်တင်စေတီတော်မြတ်ကြီး၏ (၁၁၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲအထိမ်းအမှတ် သံဃာ့ဒါနဆွမ်းတော်ကြီးလောင်းလှူပွဲအခမ်းအနားကို ယနေ့ နံနက် ၇နာရီ ၄၅မိနစ်တွင် ကျင်းပသည်။

သံဃာ့ဒါနဆွမ်းတော်ကြီးလောင်းလှူပွဲတွင် ပြင်ဦးလွင်တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် စိုးမြတ်ထွဋ်နှင့် ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးသန့်ဇော်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆွမ်းကုသိုလ်ရှင် များက ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒါခံယူမှုဖြင့် ဘုရားရှင်အမှူးပြုသော ဆရာတော်သံဃာတော်များအား သံဃဒါနဆွမ်းတော်ကြီးများ၊ ငွေပဒေသာပင်များ၊ နှမ်းမနှဲ (ထမနဲ) များ လောင်းလှူခဲ့ကြောင်း သိရသည်။

အဆိုပါ သမိုင်းဝင် မဟာရွှေမြင်တင်စေတီတော်မြတ်ကြီး၏ (၁၁၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲအထိမ်းအမှတ် သံဃာ့ဒါနဆွမ်းတော်ကြီးလောင်းလှူပွဲအခမ်းအနားတွင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျောင်းတိုက်ကြီး ၄၀ မှ ပင့်သံဃာ၁၀၈ ပါး အား ဆွမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)