ချမ်းအေးသာစံ ဖေဖော်ဝါရီ ၂၄
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် (Grade-5)နှင့် အခြေခံပညာ အလယ်တန်းအဆင့် (Grade-9)တို့ နှစ်ဆုံး စာမေးပွဲများ စစ်ဆေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်း ဖေဖော်ဝါရီ(၂၄)ရက်နေ့တွင် သင်္ချာဘာသာရပ်ကို စစ်ဆေးခဲ့ရာ ၉၆ ရာခိုင်နှုန်း နီးပါး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စာဖြေဌာန ၂၄၆၇ ခုတွင် အခြေခံပညာ မူလတန်းအဆင့်(Grade 5) စာမေးပွဲ သင်္ချာဘာသာရပ်အား ကျင်းပစစ်ဆေးခဲ့ရာ စာရင်းရှိ ကျား ၄၂၅၆၉ ၊ မ ၄၁၄၆၀ ၊ ပေါင်း ၈၄၀၂၉ ဦး၊ ဖြေဆို ကျား ၄၀၄၆၃ ၊ မ ၃၉၇၇၁ ၊ ပေါင်း ၈၀၂၃၄ ဦး၊ ပျက်ကွက် ကျား ၂၁၀၆ ၊ မ ၁၆၈၉ ၊ ပေါင်း ၃၇၉၅ ဦး၊ ဖြေဆိုရာခိုင်နှုန်း ၉၅.၄၈ ဖြစ်ပြီး စာဖြေဌာန ၁၀၅၅ ခုတွင် အခြေခံပညာ အလယ်တန်းအဆင့် (Grade 9) သင်္ချာဘာသာရပ်အား ကျင်းပစစ်ဆေးခဲ့ရာ စာရင်းရှိ ကျား ၂၄၈၄၀ ၊ မ ၂၉၇၇၂ ၊ ပေါင်း ၅၄၆၁၂ ဦး၊ ဖြေဆို ကျား ၂၃၆၀၇ ၊ မ ၂၈၇၃၂ ၊ ပေါင်း ၅၂၃၃၉ ဦး၊ ပျက်ကွက် ကျား ၁၂၃၃ ၊ မ ၁၀၄၀ ၊ ပေါင်း ၂၂၇၃ ဦး၊ ဖြေဆိုရာခိုင်နှုန်း ၉၅.၈၄ ဖြစ်သည်။
အဆိုပါစာမေးပွဲများအား တိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း ကြီးကြပ်မှုဖြင့် ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ၊ စာဖြေဌာနအလိုက် ကြီးကြပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများမှ ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး စာဖြေ၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုခဲ့ကြောင်းနှင့် အခြေခံပညာ မူလတန်းအဆင့်(Grade 5) စာမေးပွဲအား ၂၇.၂.၂၀၂၄ ရက်နေ့အထိ လည်းကောင်း၊ အခြေခံပညာ အလယ်တန်းအဆင့် (Grade 9) စာမေးပွဲအား ၂၈.၂.၂၀၂၄ ရက်နေ့အထိ လည်းကောင်း အသီးသီးကျင်းပစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းနိုင်