ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံပညာကျောင်းများတွင် Grade-5 နှင့် Grade-9 သင်ရိုးသစ်စာမေးပွဲ သင်္ချာဘာသာရပ် ဆက်လက်ဖြေဆို

မောင်တော  ဖေဖော်ဝါရီ    ၂၄

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄  ပညာသင်နှစ် (Grade-5)နှင့်(Grade-9) သင်ရိုးသစ်စာမေးပွဲ သင်္ချာဘာသာရပ်အား ယမန်နေ့ နံနက် ၉ နာရီက သက်ဆိုင်ရာစာစစ်ဌာနကျောင်းများတွင် ဖြေဆိုလျက်ရှိသည်။

မောင်တောမြို့နယ်အနေဖြင့် Grade-5 နှင့် Grade-9 သင်ရိုးသစ်စာမေးပွဲကို စာစစ်ဌာန ၅၅ ခုဖွင့်လှစ်ကာ  တစ်ရက်လျှင်တစ်ဘာသာဖြင့်  သက်ဆိုင်ရာကျောင်း များတွင် အသီးသီး စစ်ဆေးလျက်ရှိရာ သင်္ချာဘာသာရပ်ကို ကျောင်သား၊ ကျောင်းသူများက တည်ငြိမ်အေးချမ်းစွာ ဖြေဆိုလျက်ရှိပြီး ခရိုင်/မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ တာဝန်ကျ ဆရာ၊ဆရာမများက အနီးကပ်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

အဆိုပါ Grade-5 နှင့် Grade-9 သင်ရိုးသစ်စာမေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ  ၂၈ ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မောင်တောမြို့နယ်အနေဖြင့် Grade-5 အတန်းတွင် ဖြေဆိုရန် စာရင်းရှိ ကျောင်းသား/သူ ၂၁၄၀ ဦး နှင့် Grade-9 သင်ရိုးသစ်တွင် ဖြေဆိုရန်စာရင်းရှိ ကျောင်းသား/သူ ၁၁၃၉ ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)