ငဖဲ ဖေဖော်ဝါရီ ၂၄
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကျေးရွာနေပြည်သူများ ပြည်သူ့စစ်မှုထမ်းဉပဒေအကြောင်းအရာများကို ပြည့်ပြည့်စုံစုံသိရှိစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာသိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲကို ဇီးတောကျေးရွာအုပ်စု ရှောက်ဝကျေးရွာဓမ္မာရုံ၌ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချူပ်ရေးမှူး ဦးအေးလှိုင်က ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်နိုင်စိုး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးပွားမောင်၊ မြို့နယ်ဉပဒေအရာရှိ ဦးမျိုးကိုကိုဟိန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စခန်းမှူးဒုရဲမှူးဇော်ဝင်းနှင့် မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ယုယုသိန်းတို့က ပြည်သူ့စစ်မှုထမ်းဉပဒေကိုပြဌာန်းရခြင်းနှင့် ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရခြင်းအကြောင်းရင်းများ၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ စစ်မှုထမ်းရမည့်သူများ၊ ပြည်သူ့စစ်မှုထမ်းမှကင်းလွတ်ခွင့်ပြုထားသူများ၊ ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာ ဉပဒေပုဒ်မ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များကို အသိပညာပေးဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာပြည်သူများက ပြည်သူ့စစ်မှုထမ်းဉပဒေနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)