ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ အသေးစားခြေတုပြုပြင်ပေး

ကျောက်ကြီး  ဖေဖော်ဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ခြေတုအသေးစား ပြင်ဆင်ခြင်းလုပ်ငန်းကို နေ့ချင်းပြီး "အခမဲ့" ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းအား ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး မင်းမြတ်ဘုန်း စီမံမှုဖြင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်ရေးဌာနသို့ ခြေတုအသေးစားပြင်ဆင်နိုင်ရေး သင်တန်းသွားရောက်တက်စေပြီး ကျောက်ကြီးမြို့နယ်အတွင်း ကိုယ်အင်္ဂါချို့ တဲ့နေသူများ၊ မိုင်းဒဏ်ခံရသူများ၊ ခြေတုရရှိရေး၊ ခြေတု အသေးစားပြင်ဆင် ဆောင်ရွက်နိုင်ရေးလုပ်ငန်းအား စနေနေ့တိုင်း မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ နံနက် ၉ နာရီအချိန်တွင် "အခမဲ့" ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်တွင် ခြေတုတပ်ဆင်ထားသူ အယောက်(၄၀၀) ကျော်ခန့်ရှိကြောင်း မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှသိရပြီး ခြေတုအသစ်တပ်ဆင်လိုသူများအားလည်း လိုအပ်သည့် ကြိုတင်ပြင်ဆင်ဆောင်ရွက်သင့်သည့်များ လေ့ကျင့်ခန်း ပြုလုပ်ရန် နည်းစနစ်များညွှန်ပြပေးခြင်းနှင့် ခြေတုလာရောက်ပြုပြင်သူများအား ခြေဖဝါး၊ ခြေအိပ်၊ ခါးပတ်ကြိုးများအား အခမဲ့ ဝန်ဆောင်မှုပေးလျက်ရှိကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)