ညောင်ဦး ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဒေသများသို့ ယမန်နေ့နံနက် နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် အဖွဲ့ဝင်များသည် ညောင်ဦးမြို့နယ်၊ အမှတ် (၁) သာယာဝတီရပ်ကွက်ရှိ နတ်သမီးကမ်းပါး ကျေးလက်မြစ်ရေတင်စက်ရုံ၊ စည်ပင်သာယာရေးအဖွဲ့ မြို့ရေပေးရေးစက်ရုံနှင့် ငှက်ပစ်တောင်ရေစက်ရုံမှ မြစ်ရေဖြန့်ဖြူးနေမှု အခြေအနေများ၊ ချောက်ကန်ကျေးရွာ ကျေးလက်ရေရရှိရေးဆောင်ရွက်ထားရှိမှုများ၊ ချောက်ကန်ကျေးရွာတွင် (VDP) စီမံကိန်းဖြင့် ဆောင်ရွက်နေသော ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ အလှူရှင်၏ လှူဒါန်းမှုဖြင့် ဆောင်ရွက်နေသည့် ဆိုလာစနစ် စက်ရေတွင်း ရေတင်လုပ်ငန်းနှင့် ရေသန့်စနစ်လုပ်ငန်းများ၊ မကျီးစောက်ကျေးရွာ အလှူရှင်ဖြင့်ဆောင်ရွက်သည့် ဆိုလာစနစ် စက်ရေတွင်း ရေတင်ခြင်းနှင့် ရေဖြန့်ဝေခြင်းလုပ်ငန်းများ၊ ကြို့ပင်သာတဲတိုက်နှင့် သုံးတောင်ခဲတဲတိုက်များတွင် စက်ရေတွင်း ရေရရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြရာ ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညီညီဦးက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိသည်။
ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးရဲနိုင်၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဒီပါလင်း