သတင်းများ

လပွတ္တာ မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက်(၉)နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့သည်။
ပင်လောင်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများနှင့် ယာယီနေရပ်စွန့်ခွာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေး
Feb 23,2024
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများနှင့် ယာယီနေရပ်စွန့်ခွာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို လစဥ် ၂၁ ရက်နေ့ နံနက် ၉ နာရီ အချိန်စတင်၍ စနစ်တကျထုတ်ပေးလျက်ရှိပြီး အငြိမ်းစားဝန်ထမ်းများက စိတ်အေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့တွင် MPT ၏ (၁၃) ကြိမ်မြောက် စေတနာသွေးလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်း
Feb 23,2024
လားရှိုးမြို့တွင် MPT ၏ (၁၃) ကြိမ်မြောက် စေတနာသွေးလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က လားရှိုမြို့ ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် ပြုလုပ်ခဲ့သည်။
ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး
Feb 23,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယနေ့နံနက် (၈)နာရီမှ (၁၂ )နာရီထိ အပတ်စဥ် သောကြာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပင်လောင်းမြို့နယ် ဒေသဖွံ့ဖြိုးရေးထုတ်ကုန်လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား ပြုလုပ်
Feb 23,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီး​ပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဘက်စုံသုံးခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မုံရွာမြို့တွင် အသက်(၅၀)နှစ်အထက် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး Pfizer COVID Vaccine ထပ်ဆောင်းထိုးနှံပြီးစီး
Feb 23,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်၏ အနီးကပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ပြီး ခရိုင်၊ မြို့နယ်အဆင့် ကျန်းမာရေးဝန်ထမ်းများသည်  မုံရွာမြို့နယ်အတွင်းရှိ အသက်(၅၀)နှစ်အထက်ပြည်သူများအား နေ့စဥ်နံနက်(၁၀)နာရီမှ စတင်၍ မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီးကုတင်-၅၀၀ တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး Pfizer COVID Vaccine  ထပ်ဆောင်း  ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ စတင်ထိုးနှံချိန်မှ ယနေ့အထိ လူဦးရေ ၄,၅၀၈ ဦးထိုးနှံပေးပြီးဖြစ်ကြောင်း အဆိုပါဆေးထိုးနှံမှု လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
ဟုမ္မလင်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကျင်းပ
Feb 23,2024
စစ်ကိုင်းတိုင်ဒေကြီး၊ ဟုမ္မလင်းခရိုင် ဟုမ္မလင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီက ဟုမ္မလင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ နွေရာသီအားကစားသင်တန်းများဖွင့်လှစ်
Feb 23,2024
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်‌(တောင်ပိုင်း)၊ မိုးနဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၏ စီစဉ်မှုဖြင့် နွေရာသီအ‌ခြေခံအားကစားသင်တန်းများကို မြို့နယ်ပြည်သူ့အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားရုံနေရာ၌ ယမန်နေ့ညနေပိုင်းအချိန်က စတင့်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။