သတင်းများ

သံဖြူဇရပ်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသ ခြင်းဆောင်ရွက်
Feb 23,2024
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် မီးလန့်မှု၊ မီးလောင်မှုများမဖြစ်ပွားစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးဆိုင်ရာကိစ္စများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးခန်းမ၌ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။
ရေဖြူ၌ ယခုနှစ်တွင် သီဟိုဠ်စေ့များ ဈေးကောင်းရရှိ
Feb 23,2024
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ နှစ်ရှည်သီးနှံပင်ဖြစ်သောရော်ဘာ၊ ကွမ်းသီးနှင့် သီဟိုဠ်ကို အဓိကထားစိုက်ပျိုးကြကြောင်းသိရသည်။ ရေဖြူမြို့နယ်၊ ဧကနိကျေးရွာသည် သီဟိုဠ် စိုက်ပျိုးရာ တစ်နိုင်ငံလုံးတွင် သီဟိုဠ်ပင်ဧကအများဆုံးစိုက်ပျိုးထားသောကျေးရွာဖြစ်သည်။
ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Feb 23,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာအုပ်စု၊ သာဂလကျေးရွာတွင် နေထိုင်သူများသည် ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံတစ်နိုင်တစ်ပိုင် စိုက်ပျိုး ရောင်းချခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဒါးကညောင်ကုန်း ကျေးရွာအုပ်စု‌နေ တောင်သူများနှင့် တွေ့ဆုံ
Feb 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဒါးကညောင်ကုန်း ကျေးရွာအုပ်စု‌နေ တောင်သူများနှင့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ မွန်းတည့် (၁၂) နာရီအချိန်က တွေ့ဆုံခဲ့ကြသည်။
လက်ပံတန်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနကျောင်းများကို မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေး
Feb 23,2024
ပူပြင်းခြောက်သွေ့သည့် နွေရာသီသို့ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များပျက်စီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးသတိမူရေး၊ အသိပေးနှိုးဆော်ခြင်းနှင့် လိုက်လံစစ်ဆေးဆောင်ရွက်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းဦးဆောင်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများတိုးချဲ့ဆောင်ရွက်လျက်ရှိသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်
Feb 23,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းဦးဆောင်၍ တိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲအခမ်းအနားအား အဆိုပါရုံးရှိ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သူနာပြုနှင့်သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၊ လူသုံးကုန်နှင့် တည်ဆောက်ရေးပစ္စည်းများရောက်ရှိလာမှု ကြည့်ရှုစစ်ဆေး
Feb 23,2024
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(စစ်တွေ) အစည်းအဝေးခန်းမ၌ သူနာပြုနှင့်သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံပြီး စစ်တွေမြို့ဘက်စုံသုံးဆိပ်ကမ်းတွင် ရန်ကုန်မြို့မှ လူသုံးကုန်ပစ္စည်းနှင့် တည်ဆောက်ရေးပစ္စည်းများ ရောက်ရှိလာမှု ကြည့်ရှုစစ်ဆေးကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၌ လုပ်ငန်းခွင်သုံး ငွေစာရင်းသင်တန်းဖွင့်လှစ်
Feb 23,2024
စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးပြီး ဌာနတွင်းဝန်ထမ်းများအား ဘဏ္ဍာရေး စည်းမျဥ်းနှင့်အညီ စနစ်တကျသုံစွဲဆောင်ရွက်နိုင်စေရန်နှင့် အစီရင်ခံစာများ၊ စီမံချက်များ ရေးဆွဲ ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ လုပ်ငန်းခွင်သုံး သာမာန်အသုံးစရိတ်တွင် အသုံးပြုမည့် ဘတ်ဂျက်ခေါင်းစဥ် အမှတ်အသားများ၊ စီမံချက်၊ အစီရင်ခံစာနှင့် လုပ်ငန်းပြီးစီးကြောင်း ထည့်သွင်းရမည့်အဓိကအချက်များဆိုင်ရာ ငွေစာရင်းသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၉)နာရီက စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မြေမျိုးပိုးရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။