ရေဖြူမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် အ-ထ-က ရေဖြူကျောင်းအား ‌မီးဘေးအန္တရာယ်ကာကွယ်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရေဖြူ ဖေဖော်ဝါရီ ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊‌ ရေဖြူမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် ကာလအတွင်း မီးဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီ အချိန်က ရေဖြူမြို့၊ အ-ထ-ကကျောင်း စာစစ်ဌာနတွင် မီးလောင်မှုနှင့် မီးလန့်မှုများ မဖြစ်ပွားစေရေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရေဖြူမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦး‌အောင်ကိုမင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာ‌ရေးမှူးနှင့် ဆရာ/ဆရာမများက တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမည့် အ-ထ-ကကျောင်းအား မီးဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် လျှပ်စစ် ဝိုင်ယာများနှင့် လျှပ်စစ်ပစ္စည်းများ၊ မီးဖိုများ၊ ရေအိုး/ရေစည်/ရေကန်များ စစ်ဆေးခြင်း၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများ ထားရှိမှု၊ လျှပ်စစ်မီးများ တပ်ဆင်ထားရှိမှုများကို ပူးပေါင်းစစ်ဆေးခဲ့ပြီးနောက် မီးသတ်ဆေးဘူး အသုံးပြုနည်းနှင့် ကိုင်တွယ်နည်းများကို မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦး‌အောင်ကိုမင်းထံမှ သတင်းရသည်။

ခတ္တာ(ပြန်/ဆက်)