မြင်းခြံ ဖေဖော်ဝါရီ ၂၈
မြင်းခြံမြို့နယ် အမှတ်(၁)ရပ်ကွက် မြသိန်းတန်ရှင်ပင်ချမ်းသာစေတီ၊ ဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းစိန်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထိန်လင်းက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် သတင်းတု၊ သတင်းအမှားများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းမှုအား ပြန်လည်ဖြေကြားခဲ့ပြီး "ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာသိကောင်းစရာ" သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးထွန်းလင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲ့မှူးတင်ဝင်း၊ မြို့နယ်လဝက ဦးစီးမှူး ဦးဇော်မျိုးအောင်၊ ဒုမြို့နယ်ဥပဒေအရာရှိ ဒေါ်စန္ဒာဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်နှင့် ခေါင်းကွဲကျေးရွာအုပ်စုများမှ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၃၁၅) ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)