သတင်းများ

ပျဉ်းမနားမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Feb 29,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများ တက်ရောက်ခဲ့သည်။
ကျောက်ဆည်မြို့၌ စူဠဘွဲ့နှင်းသဘင်နှင့်မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်
Feb 29,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ၂၀၂၃ ခုနှစ်၊ မတ်လ၊ ဧပြီလနှင့်ဇွန်လများအတွင်း ကျင်းပပြုလုပ်ခဲ့သော ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲ၊ နိကာယ်စာမေးပွဲများတွင် ဖြေဆိုအောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား စူဠဘွဲ့နှင်းသဘင်နှင့် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ၂၀၂၄-ခုနှစ်၊ မတ်လ(၁)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်၌ ကျောက်ဆည်မြို့ ဆူးကုန်းရပ်ကွက် သီရိသာသနာ့ဓမ္မာရုံတွင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက် ၇၆၀၃ ဧကစိုက်ပျိုးပြီးဖြစ်
Feb 29,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက် ၇၆၀၃ ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း ကန့်ဘလူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်မန်ဆူစေတီတော်မုခ်ဦး အနီးဝန်းကျင် ကွန်ကရစ် ခင်းနေမှုများကို မြို့နယ်စည်ပင်သာယာဌာနမှ အမှုဆောင်အရာရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Feb 29,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် မန်ဆူစေတီတော်မြတ်ကြီး၏ မုခ်ဦးအနီး ကွန်ကရစ်လမ်းခင်းကျင်းလျက်ရှိနေကြောင်း သိရသည်။
ကံမမြို့နယ်၌ တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့် နွေစပါး စုပေါင်းစိုက်ပျိုးပွဲ ကျင်းပ
Feb 29,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ကဒူးပြင်ကျေးရွာအုပ်စု၊ ကဒူးပြင်ကျေးရွာ ကွင်းအမှတ်၁၆၅(က)တွင် တောင်သူ(၇)ဦး၏ လယ်မြေ(၁၀)ဧကအတွင်း တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့် နွေစပါးစိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကနှင့် တာဝန်ရှိသူများ နွေစပါးစိုက်တောင်သူများ တက်ရောက်ခဲ့ကြသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ ကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားသို့ တက်ရောက်
Feb 29,2024
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ ကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည်တော်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Feb 29,2024
ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၃ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးရုံး ခန်း၌ ကျင်းပရာ ပြည်နယ်စားသုံးသူရေးရာ ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။
သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း ကရင်ပြည်နယ်စီးပွားရေးဆိုင်ရာ စွန့်ဦးတီထွင်မှုသင်တန်းဆင်းပွဲသို့တက်ရောက်
Feb 29,2024
ကရင်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးဖွင့်လှစ်သော ကရင်ပြည်နယ်စီးပွားရေးဆိုင်ရာ စွန့်ဦးတီထွင်မှုသင်တန်းကို ဖေဖော်ဝါရီ(၂၄)ရက်နေ့မှ (၂၈)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းဆင်းပွဲကို ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်၊ Perfect Hotel Hpa-an တွင် ယမန်နေ့မွန်းလွဲပိုင်းတွင်ကျင်းပခဲ့ရာ ကရင်ပြည်နယ် သယံဇာတဝန်ကြီး ဦးဇော်ဝင်း၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ သင်တန်းသားသူများ တက်ရောက်ကြသည်။