သတင်းများ

အင်္ဂပူမြို့နယ်၌ “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ” သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေ
Feb 29,2024
ဧရာဝတီတိုင်း‌ဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများတွင် “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ” သတင်းစကားလက်ကမ်းစာစောင်များကို (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄) တက်ရောက်
Feb 29,2024
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄) ကို ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်း အဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဘိုကလေးမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်
Feb 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ယနေ့နံနက်(၁၀)နာရီခွဲ အချိန်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လများအတွက် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်ပြည့် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပသည်။
ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ဧည့်စာရင်းတိုင်ကြားရေးနှိုးဆော်
Feb 29,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဒေသန္တရအမိန့်အရ ယမန်နေ့က ဧည့်စာရင်းတိုင်ကြားရေးအတွက် ရပ်ကွက်ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဦးသိန်းအောင် ကွင်းဆင်းကြည့်ရှုစစ်ဆေး
Feb 29,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီပါဌာနဆိုင်ရာအကြီးအကဲများ၊ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီဥက္ကဋ္ဌဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီပါဌာနဆိုင်ရာအကြီးအကဲများက ယမန်နေ့နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မန္တလေးမြို့ လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပန်းချီပညာသင်တန်း(အခမဲ့) ဖွင့်လှစ်
Feb 29,2024
လူငယ်များ အနုပညာကိုချစ်မြတ်နိုးစေရန်၊ ပန်းချီအခြေခံပညာတတ်မြောက်စေရန်၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေများဖတ်ရှု့လေ့လာနိုင်စေရန်၊ နွေရာသီကျောင်းပိတ်ရက်များတွင် အားလပ်ချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍ အခြေခံပန်းချီပညာသင်တန်း(အခမဲ့)ကို ယမန်နေ့နံနက် (၁၀) နာရီတွင် လူထုအခြေပြုဗဟိုဌာနသင်တန်းခန်းမ၌ ကျင်းပသည်။
ချမ်းအေးသာစံမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Feb 29,2024
ချမ်းအေးသာစံမြို့နယ် မီးသတ်ဦးစီးဌာနသည် မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဖေဖော်ဝါရီလ (၂၉)ရက် နံနက်ပိုင်းက သီရိဟေမာအနောက်ရပ်ကွက်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်ဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငပုတောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ
Feb 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် လုပ်ငန်းညှိနှိုင်အစည်းအဝေးကို ယနေ့နံနက် (၁၁) နာရီအချိန်က မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးရာဇာစိုး၊ အဖွဲ့ဝင် (၂) ဦးသန်းဦးနှင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ တက်ရောက်ကြသည်။