သတင်းများ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံ၌ ဒေသခံပြည်သူများအား (အခမဲ့) ကွင်းဆင်းဆေးကုသမှုနှင့် ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းဆိုလာ လျှပ်စစ်မြစ်ရေတင်စီမံကိန်း ရေသောက်ဧရိယာအတွင်းရှိ ရုပ်ပြစိုက်ကွင်းတွင် လက်ဆွဲကောက်စိုက်စက်ဖ
Mar 05,2024
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့နံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးများက ဒေသခံပြည်သူများအား (အခမဲ့) ကွင်းဆင်းဆေးကုသမှုနှင့် ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်း ရေသောက်ဧရိယာအတွင်းရှိ ရုပ်ပြစိုက်ကွင်း၌ လက်ဆွဲကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးကာ ဒေသခံတောင်သူများနှင့် တွေဆုံခဲ့သည်။
ကျွန်းလှမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် (၁၀၃) ဦးရှိ
Mar 05,2024
၂၀၂၄ ခုနှစ်၊ တက္ကသိုဘ်ဝင်စာမေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ်လ (၁၁) ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ကျွန်းလှမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ (၁၀၃) ဦးရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ တစ်နှစ်လျှင် တစ်ရက်သာ ကျင်းပသည့် စော်ဘွားဈေးနေ့၌ လာရောက်လည်ပတ်သူများဖြင့် စည်းကား
Mar 05,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းတိုင်းရင်းသားများ၏ ထုံးတမ်းအစဉ်အလာရ တစ်နှစ်လျှင် တစ်ရက်သာကျင်းပသော စော်ဘွားဈေးနေ့ကို ယနေ့တွင် ပါလျှံမြို့ရိုးတံခါးအနီး၊ စော်ဘွားအုတ်ဂူဟောင်းရှေ့၊ လွိုင်မွေလမ်း၊ ဈေးတမ်းကြီးလမ်းနှင့် စျေးတမ်းလေးလမ်းတစ်လျှောက်တို့တွင် ကျင်းပရာ ဈေးရောင်းချသူများ၊ လာရောက်လည်ပတ်သူများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။
ခန္တီးမြို့နယ်၌ နွေရာသီအင်္ဂလိပ်စာအခြေခံ (Grammar) သင်တန်းဖွင့်လှစ်
Mar 05,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအသိပညာ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ အသိညာပေးလုပ်ငန်းများစွာဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က နွေရာသီအင်္ဂလိပ်စာအခြေခံ (Grammar) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ခန္တီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ နွေရာသီအားလပ်ရက်အချိန်ကို အကျိုးရှိစေရန် ကျောင်းသားလူငယ်များအား ဂျပန်စကားပြောသင်တန်း အခမဲ့ဖွင့်လှစ်
Mar 05,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကြီးမှူးကျင်းပသည့် နွေရာသီအားလပ်ရက် ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစေရန် ဂျပန်စကားပြောသင်တန်း (အခမဲ့)ကို မတ် ၅ ရက် မွန်းလွဲ ၁နာရီတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။
ချောက်မြို့နယ်၌ မီးဘေးလုံခြုံ​ရေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်ရေး လက်တွေ့သရုပ်ပြသ
Mar 05,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ မီးဘေးလုံခြုံ​ရေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ ဆေးရုံ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံတော်လုံခြုံရေးတာဝန်ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများထောက်ပံ့
Mar 05,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့က နိုင်ငံတော်လုံခြုံရေး တာဝန်ထမ်းဆောင်နေကြသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေ၊ အသင့်စားသုံးနိုင်သော စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗလမင်းထင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်းတည်မြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၂၂၃ ဦးဖြေဆို
Mar 05,2024
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၁)ရက်နေ့မှ (၁၉)ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ယခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း (ပေါင်းတည်) စာစစ်ဌာနတွင် ဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး အ.ထ.က (မြို့မ)တွင် အရံစာစစ်ဌာန ထားရှိမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၂၃) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။