ကျွန်းလှ မတ် ၅
၂၀၂၄ ခုနှစ်၊ တက္ကသိုဘ်ဝင်စာမေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ်လ (၁၁) ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ကျွန်းလှမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ (၁၀၃) ဦးရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာစစ်ဌာနတစ်ခုဖွင့်လှစ်ကြောင်း၊ သိပ္ပံ ဘာသာတွဲ (၅၃) ဦး၊ ဝိဇ္ဇာ - သိပ္ပံဘာသာတွဲ (၁၈) ဦး၊ ဝိဇ္ဇာဘာသာတွဲ (၃၂) ဦး စုစုပေါင်းဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ (၁၀၃) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးအဖွဲ့များ၊ စာမေးပွဲကြီးကြပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများ ကြီးကြပ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ