သတင်းများ

ဆိပ်ဖြူမြို့နယ်တွင် ငရုတ်စိုက်ပျိုးတောင်သူများ မိသားစုဝင်ငွေရရှိ
Mar 05,2024
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ငရုတ်စိုက်ပျိုးတောင်သူများ ငရုတ်စိုက်ပျိုးထုတ်လုပ်မှု အောင်မြင်ဖြစ်ထွန်း၍ မိသားစုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
ရှေးခေတ်ပန်းပုလက်ရာများကို ထူးချွန်ပြောင်မြောက်စွာ တွေ့မြင်နိုင်သော ရုပ်စုံဘုန်းတော်ကြီးကျောင်းများ
Mar 05,2024
ရုပ်စုံကျောင်းဆိုသည်မှာ ဗုဒ္ဓဝင်ဇာတ်တော်များ၊ ငါးရာ့ငါးဆယ်နိပါတ်တော်လာ ဓမ္မပဒဇာတ်တော်များကို ပန်းပုလက်ရာများဖြင့် ရုပ်လုံးရုပ်ကြွပေါ်လွင်အောင် ထုလုပ်၍ တန်ဆာဆင်ထားသော ဘုန်းတော်ကြီးကျောင်းများကို ရုပ်စုံကျောင်းဟု ခေါ်ဆိုကြသည်။
ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးရွာလယ်ဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကျင်းပ
Mar 05,2024
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက်  ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်နှင့်အညီ ယနေ့နံနက် ၁၁ နာရီက ပြင်ဦးလွင်မြို့၊ ဇီးပင်ကြီးရွာလယ်ဓမ္မာရု၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပသည်။
မိုင်းပျဉ်းမြို့တွင် ရှမ်းဘာသာနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်လှစ်
Mar 05,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ရှမ်းဘာသာနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက ကျောင်းလုံဘုန်းကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် ရပ်/ကျေးစာအုပ်ကြည့်တိုက်များ ဖွံဖြိုးတိုးတတ်ရေး ဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲပြုလုပ်
Mar 05,2024
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ရပ်/ကျေး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတတ်ရေးဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြော
Mar 05,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ပြည်သူအများ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိ နားလည်စေရန်နှင့်ပူး ပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။
ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် ကျေးလက်ကုန်ထုတ်လမ်း (၄)ခု အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး
Mar 05,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် ဒေသခံတောင်သူများ ရာသီအလိုက် သီးနှံများ စိုက်ပျိုးရာတွင် သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားရေးအတွက် ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်း (၄)ခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကော့သောင်းမြို့တွင် ဒေသဆိုင်ရာဧည့်လမ်းညွှန် (အခြေခံ)သင်တန်း ဖွင့်လှစ်သင်ကြား
Mar 05,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၏ စီစဉ်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သော ဒေသဆိုင်ရာဧည့်လမ်းညွှန်(အခြေခံ) သင်တန်းကို ကော့သောင်းမြို့၊ ဗြဟ္မဝိဟာရကျောင်းတိုက်တွင် (၄)ပတ်တာဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ အဆိုပါ သင်တန်းသို့  ခရီးသွားလုပ်ငန်းဆောင်ရွက်နေကြသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်လျက်ရှိကြောင်း သိရသည်။