ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ နွေရာသီအားလပ်ရက်အချိန်ကို အကျိုးရှိစေရန် ကျောင်းသားလူငယ်များအား ဂျပန်စကားပြောသင်တန်း အခမဲ့ဖွင့်လှစ်

ရမည်းသင်း မတ် ၅

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကြီးမှူးကျင်းပသည့် နွေရာသီအားလပ်ရက် ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစေရန် ဂျပန်စကားပြောသင်တန်း (အခမဲ့)ကို မတ် ၅ ရက် မွန်းလွဲ ၁နာရီတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက နွေရာသီကျောင်းအားလပ်ရက်၌ အကျိုးရှိစေရန် သင်တန်းများဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဂျပန်ဘာသာစကားပြော သင်တန်းနည်းပြ မနှင်းရွှေရည်လှိုင်က စာတွေ့၊ လက်တွေ့ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ရမည်းသင်းမြို့နယ် အခြေခံပညာကျောင်းများမှ သင်တန်းသား၊ သင်တန်းသူ ၃၀ ဦး တက်ရောက်ကြကာ မတ် ၅ ရက် မှ ၂၂ ရက်နေ့ထိ  ရက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(ခရိုင် ပြန်/ဆက်၊ရမည်းသင်း)