သတင်းများ

သံတွဲမြို့၌ e-ID စနစ်လုပ်ငန်းဆိုင်ရာ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်
Mar 05,2024
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သံတွဲမြို့နယ်ဦးစီးမှူးရုံးမှ e-ID စနစ်လုပ်ငန်းဆိုင်ရာ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းကို စက်တင်ဘာ ၂၆ ရက် နံနက် ၉း၃၀ နာရီမှစတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီတွင် သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အမှတ်(၃)ရပ်ကွက်ရှိ ပြည်သူများအား ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာနများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Mar 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ ၁၁ ရက်နေ့မှစတင်၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေးအတွက် စာမေးပွဲကျင်းပပြုလုပ်မည့် စာစစ်ဌာနများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် တော်ကမယ်ကျေးရွာ အထက်တန်းကျောင်းများသို့ သက်ဆိုင်ရာဌာနများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများ လက်ဝယ်အရောက် လူမှုရေးပင်စင်များ လိုက်လံထောက်ပံ့
Mar 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများအား ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့် ထောက်ပံ့ငွေများအား ယမန်နေ့ညနေ (၃) နာရီကစတင်၍ မြို့ပေါ်ရပ်ကွက်များရှိ ဘိုးဘွားများလက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
မြစ်ကြီးနားမြို့၌ မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာသင်ထောက်ပံ့ငွေပေးအပ်
Mar 05,2024
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနသည် လူငယ်ကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်မှုဖြင့်အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပုံမှန်ပညာရေး မသင်ယူနိုင်သော ထိခိုက်လွယ်အုပ်စုတွင်ပါဝင်သည့် ဆင်းရဲနွမ်းပါးသူများ၊ အမိမဲ့၊ အဖမဲ့များနှင့် ကိုယ်အင်္ဂါမသန်စွမ်းသည့် ကျောင်းပြင်ပပညာရေး အသက်မွေးဝမ်းကြောင်းဆိုင်ရာ ထူးချွန်ကျောင်းသား/သူများအား အသက်မွေးဝမ်းကြောင်း ပညာသင်စားရိတ် ထောက်ပံ့ငွေပေး အပ်ပွဲကို မတ် ၅ ရက် နံနက် ၁၁ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ခန္တီးမြို့နယ်၌ မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းဖွင့်လှစ်
Mar 05,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေရန်၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေးအတွက် အထောက်အကူပြုစေရန်နှင့် လူငယ်များ သမာအာဇီဝကျကျ လုပ်ကိုင်တတ်စေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ခန္တီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနက မော်တော် ဆိုင်ကယ်စက်ပြင် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သာပေါင်းမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ငွေနှင့်အာဟာရများ လက်ဝယ်အရောက်ပေးအပ်
Mar 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှ မွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးငယ်များအတွက်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်တို့က ယနေ့မတ်လ ၄ ရက်နေ့၊ညနေ ၃ နာရီအချိန်က ထောက်ပံ့ငွေနှင့်အာဟာရများ လက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ငါးသိုင်းချောင်းတွင် ကလေးအသက် (၂) လမှ (၁) နှစ်ခွဲအထိ ပုံမှန်ကလေးကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်
Mar 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက် (၂) လမှ (၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကလေးကာကွယ်ဆေးထိုးခြင်းကိုယနေ့နံနက် (၀၈:၀၀) နာရီအချိန်ကစတင်ထိုးနှံပေးခဲ့ကြောင်း သိရှိရပါသည်။
ပူတာအိုမြို့နယ်၌ မုန်လာထုပ်စိုက်ခင်းများ အထွက်နှုန်းကောင်းမွန်သဖြင့် တောင်သူများ အပိုဝင်ငွေရရှိ
Mar 05,2024
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်း ယခုနှစ်စိုက်ပျိုးရာသီတွင် မုန်လာထုပ်စိုက်ခင်းများအထွက် နှုန်းကောင်းမွန်ခြင်းနှင့် မုန်လာထုပ်များ ဈေးကောင်းရရှိသဖြင့် မုန်လာထုပ်စိုက်ပျိုးတောင်သူများ အပိုဝင်ငွေရရှိကြောင်း သိရသည်။