သတင်းများ

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရေတာရှည်မြို့နယ်၌ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်
Mar 05,2024
၂၀၂၄ ခုနှစ် မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၉၇ ဦးရှိရာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
မုဒုံမြို့၌ ဒေသထွက် ဓနိဖက်များ အရောင်းသွက်လာသည့်အတွက် လုပ်သားများ အလုပ်အကိုင် အခွင့်အလမ်းရရှိ
Mar 05,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဓနိဖက်များကို ကတုံးပေါ်၊ ဘလောက်ညောင်ဝိုင်း၊ ကင်း ချောင်း၊ ဝဲကလိ၊ ကမာအုပ် ကျေးရွာများမှ အများဆုံးထွက်ရှိပြီး ယခုအချိန်တွင် ဓနိဖက်များ အရောင်းသွက်လာကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်၌ ရိုးရာခြင်းခတ်နည်း သင်တန်းဖွင့်လှစ်
Mar 05,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက ရိုးရာခြင်းခတ်နည်းသင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။
ရပ်စောက်မြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 05,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် အများပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်ကို ယနေ့နံနက် (၉:၃၀)နာရီက နောင်ဘိုစစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့ကြသည်။
ကျောက်တံခါးမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားတို့အား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်
Mar 05,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် အဘိုးအဘွားများတို့အား ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစွာ နေထိုင်နိုင်ရန် ရည်ရွယ်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ် နွေစပါးစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မာရေး တောင်သူပညာပေး အထွက်တိုး ဆာဖိုးသာစပါးမျိုး စံပြကွက် စိုက်ပျိုးသရုပ်ပြပွဲ တက်ရောက်ကြည့်ရှု
Mar 05,2024
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်းနှင့် တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ဇီးတောကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် တောင်သူပညာပေး အထွက်တိုးစပါး ဆာဖိုးသာစပါးမျိုး အကွက်ကျယ်စံပြကွက် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲသို့ တက်ရောက်ကြည့်ရှုအားပေးပြီး နွေသီးနှံစိုက်ပျိုးရာသီတွင် စပါးသီးနှံစိုက်ပျိုး စွမ်းအားတိုးတက်မြင့်မားရေးအတွက် တောင်သူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
မက်မန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်ဖြေဆိုရန် လျှောက်လွှာတင်သွင်းသည့် ကျောင်းသား၊ ကျောင်းသူ (၂၁)ဦးရှိ
Mar 05,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ ပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် အတွင်းဖြေ ကျောင်းသား၊ ကျောင်းသူ (၁၇)ဦး၊ ပြင်ပဖြေ ကျောင်းသား၊ ကျောင်းသူ(၄)ဦး၊ စုစုပေါင်း (၂၁)ဦး ဖြေဆိုခွင့်လျှောက်လွှာများ တင်သွင်းထားကြောင်း သိရသည်။
တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများ၌ စားသုံးရန်မသင့်သော အသားချောင်းများ ရောင်းချခြင်းမရှိစေရေး အသိပညာပေးနှိုးဆော်
Mar 05,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများ၌ စျေးရောင်းချနေသော စျေးသူ/သားများအနေဖြင့် စားသုံးရန်မသင့်သော အသားချောင်းများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး စျေးကွက်အတွင်း ရောင်းချခြင်း မရှိစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ ပူးပေါင်း၍ စားသုံးရန်မသင့်သည့် အသားချောင်းများနှင့် ပတ်သက်၍ အသိပညာပေး နှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။