ပျော်ဘွယ် မတ် ၈
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ် ရေး အသိပညာပေးဟောပြောပွဲနှင့်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၉)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က လူငယ်များ အသိဉာဏ်ပညာ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာပေလေ့လာဖတ်ရှုရမည့်အကြောင်းအရာများ၊ စာပေဖတ်ရှုရာတွင် မိမိဖတ်ရှုသည့် အကြောင်းအရာကို ပြန်လည်စဉ်းစားတတ်စေရေး၊ အကြောင်းအရာများစွာကို ဖတ်ရှုပြီးနောက် မိမိ၏ အသိဉာဏ်ဖွံ့ဖြိုးတိုးလာမည့် အကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ် ရေး အကြောင်းအရာများကို လူငယ်များနှင့် အပြန်အလှန် ဆွေးနွေးဟောပြောသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို အခမ်းအနားသို့ တက်ရောက်လာသူများက လေ့လာကြည့်ရှု ငှားရမ်းခဲ့ကြကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)