မြစ်သား မတ် ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများ ဆောင်သီးနှံအဖြစ် စိုက်ပျိုးထားရှိသော ကုလားပဲသီးနှံစိုက်ခင်းများ ဒေသခံတောင်သူများက နွေသီးနှံပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရေးအတွက် ကုလားပဲစိုက်ခင်းများ မကြာမှီသိမ်းခြွေလှေ့ရောင်းချပြီး စျေးကောင်းရရှိရန် ဒေသခံတောင်သူများ မျှော်လင့်နေကြောင်း သိရသည်။
ယခုနှစ်အတွက် မြစ်သားမြို့နယ်အတွင်းရှိ ကုလားပဲစိုက်ဧက(၂၂၄၀၀)ကို စိုက်ပျိုးရန်လျာထားဆောင်ရွက်ခဲ့ရာ ဒေသခံတောင်သူများနေဖြင့် ယခုနှစ်ဧကရာခိုင်နှုန်းထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အဓိကအားဖြင့် ဒေသရာသီဉတုနှင့်ကိုက်ညီပြီး အထွက်နှုန်းပိုမိုကောင်းမွန်သည့် ရေဆင်း(၇)နှင့် ရေဆင်း(၈)မျိုးကို အများဆုံးစိုက်ပျိုလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် ဆောင်သီးနှံစိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ဒေသခံတောင်သူများ ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန်ရည်ရွယ်၍ စိုက်ပျိုးဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် သတ်မှတ်လျာထားသည့်ဧကထက် ပိုမိုကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း ဒေသခံတောင်သူများကလည်း ဝယ်ယူသည့် စျေးနှုန်းသင့်တင့်ရှိသည့်အတွက် အမြတ်ငွေရရှိရန်နှင့် စျေးကောင်းရရှိရန် မျှော်လင့်နေကြောင်း ဒေသခံတောင်သူများနှင့်လက်ပံဆိပ်ကျေးရွာအုပ်စုအတွင်းရှိ ကုလားပဲစိုက်တောင်သူ ဦးဇော်နိုင်ထံမှ သိရသည်။
ဝင်းမင်းထွန်း