လိပ်သိုဒေသတွင် ကျန်းမာရေး ဆေးဖက်ဝင် ဍရင်ကောက်ပင်များ တစ်နိုင်တစ်ပိုင် စမ်းသပ်စိုက်ပျိုးလာ

လိပ်သို   မတ် ၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ ဟင်းလျာအတွက် တောတောင် လျှိုမြောင် စိမ့်စမ်းချောင်းဘေးများတွင် သဘာ၀အလျောက် ရာသီအလိုက် ပေါက်ရောက်လျက်ရှိသော ကျန်းမာရေး ဆေးဖက်ဝင် ဍရင်ကောက်ပင်များကို မိသားစုစားသုံးရန် နှင့်  အပိုဝင်ငွေများရရှိရန် ရှာဖွေရောင်းချသူများ များပြားလာလျက်ရှိသောကြောင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြကြောင်း သိရသည်။

ဍရင်ကောက်ပင်များမှာ အဟာရဓာတ်ကြွယ်၀ပြီး နှစ်ခြိုက်သူများပြားခြင်း၊ ဍရင်ကောက်ရွက် ရှာဖွေခူးယူစားသုံးသူများ တိုးပွားလာခြင်းတို့ကြောင့် ယခင်ကာလများကဲ့သို့ ပေါများစွာမရရှိနိုင်တော့၍ တစ်နိုင်တစ်ပိုင်စိုက်ပျိုးလာလျက်ရှိကြရာ ကျန်းမာရေးဆေးဖက်ဝင် ဍရင် ကောက်ပင်များကို မိမိတို့အိမ်ခြံဝင်းအတွင်းရှိ ရေလှောင်ကန်ဘေးများ၊ စိုစွတ်သောနေရာများနှင့် အရိပ်ရ အပင်များအကြားတွင် စမ်းသပ်စိုက်ပျိုးလာလျက်ရှိကြောင်း သိရသည်။

ယခင်ကာလများက ဍရင်ကောက်ရွက်နုများနှင့် အညွန့်များရောရာတစ်စီးကို (၅၀ဝိ/-) ကျပ်သာ ရောင်းချခဲ့ကြရာမှ ယခုအခါ ရာသီပေါ်ချိန်တွင် (၁၀၀ဝိ/-) ကျပ်မှ (၁၂၀ဝိ/-) ကျပ်အထိ ရောင်းချလာလျက်ရှိကြပြီး  အစည်းများသေးငယ်သွားသည့်အပြင် ရှာဖွေစားသောက်ရန် ရှားပါးလာ၍ အလွယ်တကူခူးယူစားသုံးနိုင်ရန် အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလာရခြင်းဖြစ်ကြောင်း ဍရင်ကောက် စိုက်ပျိုးထားသူ ဒေသခံတစ်ဦးထံမှ သိရသည်။

ခင်လေးနွယ် (လိပ်သို)