တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာတွင် နွားပြိုင်ပွဲ ကျင်းပ

တံတားဦး မတ်  ၈

တံတားဦးခရိုင်၊ တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာတွင် ဘုန်းတော်ကြီးကျောင်းပေါင်း(၉)ကျောင်းရှိသည့်အနက် ကျောင်းသစ်ကျောင်းအား ရေလည်ပတ္တိစာသင်တိုက်ဦးစီးပဓာန နာယကဘဒ္ဒန္တ ဝိလာသ၏တပည့် ဘဒ္ဒန္တဇောတိအား ကျောင်းသစ်ဘုန်းတော်ကြီးကျောင်း၏ ဦးစီးပဓာန နာယကဆရာတော်အဖြစ် တင်မြောက်ခြင်းအောင်ပွဲအခမ်းအနားအဖြစ် နွားပြိုင်ပွဲကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

လူတိုင်းလူတိုင်းတွင် ဝါသနာတစ်ခုရှိကြောင်း ထိုအထဲမှ နွားဝါသနာရှင်များမှ နွားပြိုင်ပွဲ ကျင်းပပေးရာ အဆိုပါနွားပြိုင်ပွဲတွင် ခြေနွားအလှပြိုင်ပွဲနှင့် ဒုန်းနွားပြိုင်ပွဲတို့ ပါဝင်ကြောင်း၊ ခြေနွားအလှပြိုင်ပွဲတွင် နွားသွားမစိုက်တန်း၊ အငယ်တန်း၊ အကြီးတို့ပါဝင်ပါကြောင်း၊ နွားမစိုက်တန်းတွင် ပါဝင်ယှဉ်ပြိုင်သည့် နွားလှည်းပေါင်း(၉)ရှဉ်း၊ အငယ်တန်းတွင်(၁၅)ရှဉ်း၊ အကြီးတန်းတွင်(၁၉)ရှဉ်း၊ ဒုန်းနွားပြိုင်ပွဲတွင် အကြီးတန်း၊ အငယ်တန်းဟူ၍ ခွဲခြားမှုမရှိဘဲ မည်သည့်နွားရှဉ်းမဆို ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း ပြိုင်ပွဲဝင်ပေါင်း(၃၇)ဦးရှိကြောင်း၊ ပြိုင်ပွဲတွင် ရိုးသားကြိုးစာစွာ ပါဝင်ယှဉ်ကြပါကြောင်း၊ ပြိုင်ပွဲ၏ တာအဝေးမှာ ပေ(၈၀၀)ရှိပါကြောင်း၊ ခြေနွားပြိုင်ပွဲတွင် နွားများ၏ ခြေအလှကိုကြည့်ရှု၍ အမှတ်ပေးရကြောင်း၊ ဒုန်းနွားပြိုင်ပွဲတွင် တာလွှတ်တိုင်မှ တာဖမ်းတိုင်အထိ အမြန်ဆုံး ရောက်ရှိရမည်ဖြစ်ကြောင်းနှင့် ပြိုင်တွင် နွားလှည်းပေါ်၌ တစ်ဦးတစ်ယောက်မျှ လိုက်ခွင့်မရှိ နွားလှည်းမောင်းသူ တစ်ဦးသာ လိုက်ခွင့်ရှိကြောင်း နွားလှည်းပြိုင်ပွဲ ဖြစ်မြောက်ရေးကော်မတီ ဦးမောင်စိုးထံမှ သိရသည်။

အဆိုပါနွာဦးလှည်းပြိုင်ပွဲကို မတ်လ(၃)ရက်နေ့မှ (၆)ရက်နေ့အထိ နေ့စဉ် ညနေ(၃)နာရီမှ စတင်ကျင်းပ ခဲ့ရာ ယနေ့နံနက်(၉)နာရီအချိန်တွင် ပါဝင်ယှဉ်ပြိုင်နွားများ အနိုင်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိရာ အနိုင်ရရှိသည့် ခြေနွားအလှများနှင့် ဒုန်းနွားများကို ညနေ(၄)နာအချိန်တွင် ပထမ၊ ဒုတိယ၊ တတိယဆုများကို ဆုဖလားနှင့် ငွေသားများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)