သတင်းများ

ကျောက်ဆည်မြို့တွင် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တိုင်းရင်းသားများ ကိုးကွယ်သည့် ဘုရားစေတီများကိုဖျက်ဆီးသူ အကြမ်းဖက်သမားများအား ဆန့်ကျင်ရှုတ်ချပွဲကျင်းပ
Jan 12,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများကိုးကွယ်သည့် ဘုရားစေတီများ ဖျက်ဆီးသူအကြမ်းဖက်သမားများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့မွန်းတည့် ၁၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျိုက္ကစံဆံတော်ရှင်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပနိုင်ရေး တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပ
Jan 12,2024
သမိုင်းဝင်ကျိုက္ကစံ ဆံတော်ရှင်စေတီတော်ကြီး၏ (၁၂၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပဆောင်ရွက်နိုင်ရေးအတွက် ဂေါပကအဖွဲ့နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက နှစ်ကျိပ်ရှစ်ဆူဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
သာကေတမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Jan 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌  ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးစေရန်နှင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က ကျင်းပခဲ့သည်။
မိတ္ထီလာမြို့တွင် ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများကို ဖျက်ဆီးမှုအပေါ် ကန့်ကွက်ရှုတ်ချပွဲပြုလုပ်
Jan 12,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့၌ သံဃာတော်များ ဦးဆောင်၍ ဘာသာသာသနာ ချစ်မြတ်နိုးသည့် ပြည်သူများက အကြမ်းဖက် သောင်းကျန်းသူများမှ ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများကို ဖျက်ဆီးမှုအပေါ် ကန့်ကွက်ရှုတ်ချပွဲကို ယနေ့မွန်းလွဲ ၁ နာရီ အခကခရိုင်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း “Robusta” ကော်ဖီမျိုးစေ့ပေးအပ်ပွဲနှင့် ပျိုးထောင်နည်း၊ စိုက်ပျိုးနည်းပညာပေးသင်တန်းသို့ တက်ရောက်ချီးမြှင့်
Jan 12,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း(၃၆/၄)ရှိ ကြယ်နီသုံးလုံးရာဘာစက်ရုံ၌ ကျင်းပပြုလုပ်သည့် “Robusta” ကော်ဖီမျိုးစေ့ပေးအပ်ပွဲနှင့် ပျိုးထောင်နည်း၊ စိုက်ပျိုးနည်းပညာပေးသင်တန်းသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ဇေယျာသီရိမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 12,2024
ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သ
ကလောမြို့နယ် အမှတ်(၁၀)အခြေခံပညာအထက်ကျောင်း၌ လူငယ်ရေးရာအသိပညာပေး ကွင်းဆင်းဆောင်ရွက်
Jan 12,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းယန်းမြို့နယ်တွင် လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကျင်းပ
Jan 12,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။