မလှိုင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲပဉ္စမနေ့ ရူပဗေဒဘာသာရပ်နှင့်သမိုင်းဘာသာရပ်တို့တွင် (၁၀၇၂)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိ

မလှိုင် မတ် ၁၆

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်ရှိ စာစစ်ဌာန(၄)ခုတွင် ၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ပဉ္စမနေ့ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို ယမန်နေ့နံနက်(၉)နာရီအချိန်မှ စတင်၍ တစ်ပြိုင်နက်တည်း အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

မလှိုင်မြို့နယ်တွင် စာစစ်ဌာန(၄)ခု၌  ရူပဗေဒဘာသာရပ်တွင် အ.ထ.က (မလှိုင်) စာစစ်ဌာန၌ စာရင်းရှိ (၇၅၁)ဦး၊ ဖြေဆိုသူ(၇၄၇)ဦး၊ ပျက်ကွက် (၄)ဦး၊ အ.ထ.က (ပန်းအိုင်)တွင် စာရင်းရှိ(၅၈)ဦး၊ ဖြေဆိုသူ (၅၈)ဦး၊ ပျက်ကွက်မရှိ၊ အ.ထ.က(ဆည်တို)တွင် စာရင်းရှိ(၁၉၂)ဦး၊ ဖြေဆိုသူ(၁၉၁)ဦး၊ပျက်ကွက် (၁)ဦး၊ အ.ထ.က(နှောကန်)စာစစ်ဌာနတွင်  စာရင်းရှိ(၇၁)ဦး၊ ဖြေဆိုသူ (၇၀)ဦး၊ ပျက်ကွက်(၁)ဦးရှိပြီး သမိုင်းဘာသာရပ်တွင်အ.ထ.က(မလှိုင်) စာစစ်ဌာန၌ စာရင်းရှိ(၁)ဦး၊ ဖြေဆိုသူ(၁)ဦး၊ ပျက်ကွက်မရှိ၊ အ.ထ.က(ပန်းအိုင်)တွင် စာရင်းရှိ(၂)ဦး၊ ဖြေဆိုသူ(၂)ဦး၊ ပျက်ကွက်မရှိ၊ အ.ထ.က(ဆည်တို)တွင်စာရင်းရှိ (၂)ဦး၊ ဖြေဆိုသူ(၂)ဦး၊ ပျက်ကွက်မရှိ၊ အ.ထ.က(နှောကန်) စာစစ်ဌာနတွင်  စာရင်းရှိ(၁)ဦး၊ ဖြေဆိုသူ (၁)ဦး၊ ပျက်ကွက်မရှိကြောင်း သိရသည်။

မလှိုင်တစ်မြို့နယ်လုံးတွင် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်၌ ဖြေဆိုသူစာရင်းရှိ ကျား(၄၁၆)ဦး၊ မ(၆၅၆)ဦး ၊ စုစုပေါင်း(၁ဝ၇၂)ဦးရှိ၍ လာရောက်ဖြေဆိုသူ ကျား(၄၁၄)ဦး၊ မ(၆၅၂)ဦး စုစုပေါင်း(၁၀၆၆)ဦး၊ ပျက်ကွက်သူကျား(၂)ဦး၊ မ(၄)ဦး စုစုပေါင်း(၆)ဦးရှိ၍ ယနေ့ဖြေဆိုမှု ရာခိုင်နှုန်းမှာ(၉၉.၄၄)ရှိကြောင်း သိရသည်။

သမိုင်းဘာသာရပ်တွင် ဖြေဆိုသူစာရင်းရှိကျား (၃)ဦး၊ မ(၃)ဦး၊ စုစုပေါင်း(၆)ဦးရှိ၍ လာရောက်ဖြေဆိုသူ ကျား(၃)ဦး၊မ(၃)ဦးစုစုပေါင်း(၆)ဦး၊ ပျက်ကွက်သူမရှိ၍ယနေ့ ဖြေဆိုမှုရာခိုင်နှုန်း မှာ(၁၀၀)ရှိကြောင်း သိရသည်။

ကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ဘာသာရပ်အား စိတ်အေးချမ်းစွာ ဖြေဆိုနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင် များကလိုက်လံကြည့်ရှု့အားပေးခဲ့သည်။ စာစစ်ဌာန(၄)ခု၌ဌာနဆိုင်ရာ အကြီးအကဲများ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းများမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ အပြင်စည်းလုံခြုံရေး ဆောင်ရွက်ထားရှိပြီး အတွင်းစည်းလုံခြုံရေးအတွက် တာဝန်ကျကျောင်းအုပ်ကြီးနှင့် ဆရာမများ၊ စာမေးပွဲ ကြီးကြပ်များက တာဝန်ယူဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)