(၇၉) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထန်းတပင်မြို့နယ်တရားရုံး အဆောက်အဦသစ်ဖွင့်ပွဲကျင်းပ

ထန်းတပင်(ရန်ကုန်)၊ မတ် ၂၁

(၇၉) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တရားရုံး အဆောက်အဦသစ်ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၂) ရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ အဆိုပါရုံး အဆောက်အဦသစ်တွင် ကျင်းပပြုလုပ်ခဲ့ကြရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်မြို့တော်ဝန်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်း/ခရိုင် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် ရန်ကုန်ဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်တို့က မြို့နယ်တရားရုံး အဆောက်အဦသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကာ တရားရုံးဆိုင်းဘုတ်ကိုစက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ရန်ကုန်ဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်နှင့်တာဝန်ရှိသူများက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရေများပက်ဖြန်းပေးခဲ့ကြပြီး မြို့နယ်တရားရုံး အဆာက်အဦသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် မြို့နယ်ရုံးအစည်းအဝေးခန်းမတွင် အဆောက်အဦနှင့်ပတ်သက်သည့် စာရွတ်စာတမ်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြရာ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းတို့ထံသို့ ရုံးသစ်အဆောက်အဦ အထိမ်းအမှတ် ဖန်သား တံဆိပ်တုံးနှင့် အထိမ်းအမှတ် အလံငယ်တို့ကို ရန်ကုန်ဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်မှ အမှတ်ရပေးအပ်ခဲ့သလို နှိုင်းယှဉ်မေတ္တာ ကုမ္မဏီလီမိတက်မှ တာဝန်ရှိသူမှလည်း အဆောက်အဦနှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား မြို့နယ်တရားသူကြီး ဦးသန့်ဇင်ဦးထံသို့လွှဲ ပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)