ကွန်ဟိန်းမြို့၌ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

ကွန်ဟိန်း မတ် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊  မြန်မာ့စီးပွါးရေးဘဏ်၌  အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို  ယနေ့နံနက် (၈) နာရီခွဲ အချိန်ခန့်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကွန်ဟိန်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို နိုင်ငံတော်အစိုးရက သတ်မှတ်ထားသော ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိရာ မတ်လ ၂၁ ရက် မှ ၂၈ ရက်နေ့အထိ ထုတ်ပေးသွားမည်ဖြစ်ပြီး  အငြိမ်းစားဝန်ထမ်းပင်စင် လစာထုတ်ယူမည့်သူ စုစုပေါင်း (၂၁၇) ဦးရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)