မြို့သစ်မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် မီးဘေးသတိမူရေး နှိုးဆော်ခြင်းများ ဆောင်ရွက်

မြို့သစ် မတ် ၂၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း ရပ်ကွက်‌နေပြည်သူများ မီးဘေးအန္တရာယ် မဖြစ်ပွားစေရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများမှ လိုက်လံ နှိုးဆော် ပေးလျက်ရှိသည်။

မြို့သစ်မြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအနေဖြင့် ပွင့်လင်းခြောက်သွေ့သော နွေရာသီ ရောက်ရှိလာပြီဖြစ်သောကြောင့် မြို့နယ်အတွင်း မီးလောင်မူနှင့် မီးလန့်မှုမဖြစ်ပွားစေရန်နှင့် မီးလောင်ဆုံးရှုံးမှုလျော့နည်းစေရန်အတွက် မြို့သစ်မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးဝေလင်းကျော်၏လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များအလိုက် အပတ်စဉ် မီးဘေးကြိုတင်ကာကွယ်ရေး မီးဘေးသတိမူရေးနှိုးဆော်ခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းဝင်းထွန်း ( ပြန်/ဆက်)