ခိုလမ်မြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေးလျက်ရှိ

ခိုလမ် မတ် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို  ယနေ့နံနက် (၉)နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိ​ကြောင်း သိရသည်။

အဆိုပါ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ် မြို့နယ်ဘဏ်မန်နေဂျာ ဦးဝင်းကျော်ထွေးနှင့် ဝန်ထမ်းများမှ မတ်လ (၂၁)ရက်မှ (၂၉)ရက်နေ့အထိ ရုံးဖွင့်ရက်များတွင် နံနက် (၉)နာရီမှ မွန်းလွဲ (၂)နာရီထိ အငြိမ်းစားဝန်ထမ်း (၁၀၀)ဦးခန့်တို့၏ ပင်စင်လစာငွေများကို စနစ်တကျထုတ်ပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)