သတင်းများ

ဆင်ပေါင်ဝဲမြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် ဆွေးနွေးပွဲ ကျင်းပ
Mar 21,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာမူလတန်းလွန်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်(လုပ်ငန်းခွင်ဝင်စ) ဆရာ/မများ စွမ်းရည်မြင့်မားရေး ခရိုင်အဆင့်(ဆင့်ပွား)သင်တန်းဖွင့်ပွဲ ကျင်းပ
Mar 21,2024
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအဆင့်(လုပ်ငန်းခွင်ဝင်စ) ဆရာ/မများ စွမ်းရည်မြင့်မားရေး ခရိုင်အဆင့်(ဆင့်ပွား)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမတွင် ကျင်းပကြောင်း သိရသည်။
ခရိုင်အဆင့် အခြေခံပညာ မူလတန်းဆင့်သင် (လုပ်ငန်းခွင်ဝင်စ) ဆရာ၊ဆရာမများ စွမ်းရည်မြင့်မားရေး သင်တန်း/ ဆွေးနွေးပွဲ ပြုလုပ်
Mar 21,2024
တနင်္သာရီတိုင်းဒေသကြီ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ခရိုင်အဆင့်အခြေခံပညာ မူလတန်းဆင့်သင် (လုပ်ငန်းခွင်ဝင်စ) ဆရာ၊ ဆရာမများ စွမ်းရည်မြင့်မားရေး သင်တန်း/ဆွေးနွေးပွဲကို  ယနေ့ နံနက် (၉) နာရီ အချိန်က အထက-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ မီးလောင်ပျက်စီးခဲ့သည့် ကျေးရွာများအား ကွင်းဆင်းကြည့်ရှု
Mar 21,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အကြမ်းဖက်သောင်းကျန်းသူများက မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မီးလောင်ပျက်စီးခဲ့သည့် စငေါကျေးရွာအုပ်စု နမ့်ဟူးကျေးရွာနှင့် ပန်လျန်းကျေးရွာတို့ကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး (အရှေ့) KGကျောင်း ကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဆွေးနွေးပွဲ ကျင်းပ
Mar 21,2024
ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ ဒိုက်ဦးမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အောင်ရတနာခန်းမ၌ မတ်လ (၂၁) ရက်နေ့နံနက် (၉)နာရီအချိန်က (KG) ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်‌ကြောင်း သိရသည်။
နွေရာသီ အားကစားနည်းသင်တန်းများဆင်းပွဲ ကျင်းပ
Mar 21,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအားကစား သင်တန်းများ ဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
အိမ်မဲမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲပြုလုပ်
Mar 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြို့နယ်အတွင်းရှိ ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ကျင်းပခဲ့သည်။
ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Mar 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းက စတင်၍ ပင်စင်စားများ၏ လက်ဝယ်အရောက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။