ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

ဒေးဒရဲ မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းက စတင်၍ ပင်စင်စားများ၏ လက်ဝယ်အရောက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် အငြိမ်းစားပင်စင်စားဦးရေ (၉၈၀)ဦးရှိပြီး သက်ကြီးပင်စင်စားများနှင့် နာမကျန်းသူများအား ဦးစားပေး၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိပြီး ပင်စင်လစာငွေများ လာရောက်ထုတ်ယူလျက်ရှိသည့် အငြိမ်းစားဝန်ထမ်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒေးဒရဲမြို့နယ်ရုံးက ဝန်ထမ်းများက ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပင်စင်လစာငွေများကို ထုတ်ပေးခြင်းကို မတ်လ(၂၁)ရက်နေ့မှ (၂၉)ရက်နေ့အထိ နံနက်(၈)နာရီမှ မွန်းလွဲ(၂)နာရီအတွင်း လာရောက်ထုတ်ယူသူအားလုံးကို ထုတ်ပေးလျက်ရှိပြီး ၎င်းရက်အတွင်း လာရောက်မထုတ်ယူနိုင်သူများကို (၂၀၂၄)ခုနှစ် ဧပြီလ လဆန်းပိုင်းတွင် ဘဏ်ဖွင့်ချိန်အတွင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် အငြိမ်းစားပင်စင် လစာငွေများကို ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးက ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အေဇာလင်း