ဒိုက်ဦးမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး (အရှေ့) KGကျောင်း ကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဆွေးနွေးပွဲ ကျင်းပ

ဒိုက်ဦး မတ် ၂၁

ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ ဒိုက်ဦးမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အောင်ရတနာခန်းမ၌ မတ်လ (၂၁) ရက်နေ့နံနက် (၉)နာရီအချိန်က (KG) ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်‌ကြောင်း သိရသည်။

အခမ်းအနားတွင် ဒိုက်ဦးမြို့နယ် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်နော်ခရီစဲလ်ဒါက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ သွားဘက်ဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာထင်လင်းဦးက (KG)ကျောင်း ကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာအကြောင်းကို ရှင်းလင်းပြောကြားပြီးနောက် ဆွေးနွေးပွဲ အစီအစဥ်အား ဆက်လက်ကျင်းပသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၇၇) ကျောင်းမှ ဆရာ/ဆရာမ (၃၇၆) ဦး တက်ရောက်ကြကာ သင်တန်းနည်းပြ (၄) ဦးက (၂) ရက်တာသင်တန်း ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)