အိမ်မဲ မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ မြို့နယ်အတွင်းရှိ ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဦးစီးဗိုလ်မှူးကြီး (စစ်ရေး) ဗိုလ်မှူးကြီး စိုးစိုင်းအောင်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အကျယ်တဝင့် အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး မိုးမင်းနိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အခမ်းအနားသို့ မြို့နယ်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်မည့် ပြည်သူများတက်ရောက်ခဲ့ သည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)