တံတားဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်(လုပ်ငန်းခွင်ဝင်စ) ဆရာ/မများ စွမ်းရည်မြင့်မားရေး ခရိုင်အဆင့်(ဆင့်ပွား)သင်တန်းဖွင့်ပွဲ ကျင်းပ

တံတားဦး မတ် ၂၀

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအဆင့်(လုပ်ငန်းခွင်ဝင်စ) ဆရာ/မများ စွမ်းရည်မြင့်မားရေး ခရိုင်အဆင့်(ဆင့်ပွား)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမတွင် ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် တံတားဦးခရိုင် ပညာရေးမှူး ဒေါ်သန်းသန်းဦးက ဆရာ/မများအနေဖြင့် နည်းပြများ၏ ဘာသာရပ်တိုင်းတွင် စနစ်တကျလေ့လာမှတ်သားစေပြီး မိမိတို့၏ တပည့်သား/သမီးများ ဗလငါးတန်နှင့်ပြည့်ဝသော နိုင်ငံသားများ ပေါ်ထွန်းလာရေး မွေးထုတ်ပေးရန်လိုကြောင်း၊ ဒါ့အပြင် မိမိတို့၏ကိုယ်ရည်ကိုယ်သွေးများ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ ယနေ့သင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းနှင့် သင်ကြား၊ သင်ယူသည့်လုပ်ငန်းများလည်း ပိုမိုအောင်မြင်မည်ဖြစ်ကြောင်း၊ သင်တန်းတွင် နည်းပြများ၏ သင်ကြားမှုတိုင်းတွင် သင်တန်းသား ဆရာ/မများအနေဖြင့် အပြန်အလှန်ပါဝင်ဆွေးနွေးပေးလိုကြောင်း ပြောကြားသည် ။

ထို့နောက် တံတားဦးခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီး ဦးလှချစ်က သင်တန်းတွင် သင်တန်းသား ဆရာ/များအတွက် သင်တန်းစည်းကမ်းများကို ပြောကြားပြီး တံတားဦးခရိုင်ကိုယ်စားပြု ဗဟိုအဆင့်တွင် တက်ရောက်ခဲ့သော ဆရာကြီး ဦးအောင်ခင်စိုးမှ သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များနှင့် သင်တန်းရေးရာကိစ္စများကို ရှင်းလင်းပြောကြားသည်။ အဆိုပါ သင်တန်းသို့ တံတားဦးခရိုင်မှ လုပ်သက် (၃) နှစ်အောက် ဆရာ/မများဖြစ်ကြသည့် တံတားဦးခရိုင်မှ ဆရာ/မ (၁၄၄) ဦး၊ ငါန်းဇွန်မြို့နယ် ဆရာ/မ (၇၈) ဦး တို့ စုစုပေါင်း (၂၂၂) ဦးအား နေ့စဉ်နံနက် (၉) နာရီမှ ညနေ (၄) နာရီအချိန်ထိ ဖွင့်လှစ်ပို့ချပေးမည်ဖြစ်ရာ သင်တန်းကို မတ်လ (၂၀) ရက်နေ့မှ မတ်လ (၂၄) ရက်နေ့အထိ (၄) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးဖြစ်ကြောင်းနှင့်  KG တန်းမှစ၍ Grade -5 တန်းမထိ ပါဝင်သည့် ဘာသာရပ်များကို သင်ကြား‌ပေးမည်ဖြစ်ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)