သတင်းများ

ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်လှစ်
Mar 24,2024
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ လူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေပြီး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာသင်တန်းကို   ယမန်နေ့က ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဖွင့်လှစ်သင်ကြားခဲ့သည်။
မဟာအောင်မြေမြို့နယ် အမှတ်(၂၄)အခြေခံပညာမူလတန်းကျောင်း၌ (သရဝဏ်) စာကြည့်တိုက်ဖွင့်ပွဲ ကျင်းပ
Mar 24,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက် အမှတ်(၂၄) အခြေခံပညာမူလတန်းကျောင်း၌ (သရဝဏ်)စာကြည့်တိုက်ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ကြက်ခြေနီအသင်းမှ ဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ဖွင့်လှစ်
Mar 24,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကြက်ခြေနီအသင်းမှ ဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့တွင် ဒေသဆိုင်ရာဧည့်လမ်းညွှန်(အခြေခံ)သင်တန်းအမှတ်စဉ်(၅၁) သင်တန်းဆင်းပွဲပြုလုပ်
Mar 24,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏လမ်းညွှန်မှု၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၏စီစဉ်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ခဲ့သောဒေသဆိုင်ရာဧည့်လမ်းညွှန်(အခြေခံ)သင်တန်း၊ အမှတ်စဉ်(၅၁)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ဗြဟ္မဝိဟာရကျောင်း တွင်ပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ် နွေရာသီအားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်အားပေး
Mar 24,2024
ကချင်ပြည်နယ် ၂၀၂၄ ခုနှစ် နွေရာသီအားကစားသင်တန်းများဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ ပြည်နယ်ဘောလုံးကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ အားကစားနည်းအလိုက် သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တက်ရောက်အမှာစကားပြောကြားခဲကြောင်း သိရသည်။
(၇၉)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်မီးသတ်ဦးစီးဌာန၊ Command and Control Center နှင့် (၂၄)နာရီတာဝန်ကျဝန်ထမ်းများနေထိုင်ရန် အဆောက်အဦဖွင့်လှစ်
Mar 24,2024
(၇၉)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ မီးသတ်ဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ငွေလုံးငွေရင်းရန်ပုံငွေကျပ်(၁၈၁ ဒဿမ ၁၇၀)သန်းဖြင့် တည်ဆောက်ခဲ့သော Command and Control Center နှင့် (၂၄)နာရီတာဝန်ကျဝန်ထမ်းများနေထိုင်ရန် အဆောက်အဦဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ တန်းမြင့်ကျောင်းလမ်း၊ ပြည်နယ်မီးသတ်ဦးစီးမှူးရုံးရှိ အဆိုပါအဆောက်အဦရှေ့၌ ကျင်းပသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဘဲဥအခြေခံနှင့် ယိုမျိုးစုံထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ တက်ရောက်
Mar 24,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ဝက်စုကျေးရွာ၌ ဖွင့်လှစ်ခဲ့သည့် ဘဲဥအခြေခံနှင့် ယိုမျိုးစုံထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ဝက်စုကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူး-သနပ်ပင်-ခရမ်း-သန်လျင်လမ်းပေါ်ရှိ သနပ်ပင်မြို့တွင်းတံတားအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်
Mar 24,2024
(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူး-သနပ်ပင်-ခရမ်း-သန်လျင်လမ်းပေါ်ရှိ သနပ်ပင်မြို့တွင်းတံတားဖွင့်ပွဲအား ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။