ဘုတ်ပြင်း မတ် ၂၁
တနင်္သာရီတိုင်းဒေသကြီ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ခရိုင်အဆင့်အခြေခံပညာ မူလတန်းဆင့်သင် (လုပ်ငန်းခွင်ဝင်စ) ဆရာ၊ ဆရာမများ စွမ်းရည်မြင့်မားရေး သင်တန်း/ဆွေးနွေးပွဲကို ယနေ့ နံနက် (၉) နာရီ အချိန်က အထက-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးက အဖွင့်အမှာစကား ပြောကြားရာတွင် အခြေခံပညာ မူလတန်းဆင့် (လုပ်ငန်းခွင်ဝင်စ) ဆရာ၊ဆရာမများ ဘာသာရပ်စွမ်းရည် မြင့်မားရေးသင်တန်း/ ဆွေးနွေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခရိုင်အသီးသီးတွင် ပြုလုပ်ကျင်းပလျက်ရှိပါကြောင်း၊ အခြေခံပညာ ကျောင်းအသီးသီးတွင် သင်းကြား/သင်ယူမှုလုပ်ငန်းများ ထိရောက်အောင်မြင်ရေးအတွက် (လုပ်ငန်းခွင်ဝင်စ) မူလတန်းပြဆရာ၊ ဆရာမများ၏ အတန်းလိုက်/ ဘာသာရပ်အလိုက် သင်ကြားမှု အရည်အသွေးများကို မြင့်တင်ပေးရန် ရည်ရွယ်၍ စွမ်းရည်မြှင့်မားရေး သင်တန်း/ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဆွေးနွေးပွဲ တက်ရောက်လာကြသည့် သင်တန်းသား/ သင်တန်းသူ ဆရာ/ဆရာများအနေဖြင့် သင်တန်းနည်းပြ ဆရာကြီး/ဆရာမကြီးများ၊ နည်းပြများ၏ ဆွေးနွေးပို့ချမှုများကို တက်ကြွစွာ ပါဝင်ဆွေးနွေးကြပြီး အချိန်အတိုတိုအတွင်း ဘာသာရပ်အားလုံးကို အောင်မြင်စွာ မှတ်သားသွားရန်၊ သင်တန်းအတွေ့အကြုံကို အပြည့်အဝ ရယူ၍ မိမိတို့၏ ကျောင်းသား ကျောင်းသူများကို အပြည့်အဝ ပို့ချနိုင်အောင် ကြိုးစားဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ ခရိုင်ပညာရေးမှူး ဦးဉာဏ်ထွန်းက အခြေခံပညာမူလတန်းဆင့်သင် (လုပ်ငန်းခွင်ဝင်စ) ဆရာ၊ဆရာမများ စွမ်းရည်မြင့်မားရေး သင်တန်း/ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
သင်တန်းတွင် ဘုတ်ပြင်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမ သင်တန်းသား၊ သင်တန်းသူ (၂၅)ဦး တက်ရောက်ကြပြီး သင်တန်းနည်းပြများက မတ်လ (၂၁) ရက်နေ့မှ (၂၅) ရက်အထိ သင်ခန်းစာဘာသာရပ်များကို စာတွေ့လက်တွေ့ သင်းကြားပို့ချ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ၊ သင်တန်းနည်းပြများနှင့် ဆရာဆရာမ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)