ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ မီးလောင်ပျက်စီးခဲ့သည့် ကျေးရွာများအား ကွင်းဆင်းကြည့်ရှု

ဟိုပုံး မတ် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အကြမ်းဖက်သောင်းကျန်းသူများက မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မီးလောင်ပျက်စီးခဲ့သည့် စငေါကျေးရွာအုပ်စု နမ့်ဟူးကျေးရွာနှင့် ပန်လျန်းကျေးရွာတို့ကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်လှသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ (PNO) အသွင်ပြောင်းပြည်သူ့စစ်ဌာနေအဖွဲ့များနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများလိုက်ပါ၍ စငေါကျေးရွာအုပ်စု နမ့်ဟူးကျေးရွာနှင့် ပန်လျန်းကျေးရွာတို့ကို အကြမ်းဖက်သောင်းကျန်းသူများက မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မီးလောင်ပျက်စီးခဲ့သည့် ဒေသခံပြည်သူများ၏ နေအိမ်စာရင်းကောက်ယူခြင်းလုပ်ငန်းများ၊ နေအိမ်ပြန်လည်တည်ဆောက်နိုင်ရေးလုပ်ငန်းများ၊ ဘာသာရေးအဆောက်အဦ၊ ဒေသခံပြည်သူများအတွက် လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်းများနှင့် ရေသွယ်တန်းခြင်းလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)