နွေရာသီ အားကစားနည်းသင်တန်းများဆင်းပွဲ ကျင်းပ

ရမည်းသင်း မတ် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအားကစား သင်တန်းများ ဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက ကျောင်းသား၊ကျောင်းသူ လူငယ်များ ဗလငါးတန်နှင့် ပြည်စုံစေရန် နွေရာသီအားလပ်ရက်များအတွင်း ကာယဗလဖြစ်သည့် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းနှင့် အေရိုးဗစ် သင်တန်းများကို မတ် ၅ ရက်နေ့က စပြီး သင်ကြားပေးကာ သင်တန်းက ရရှိတဲ့ နည်းပညာများဖြင့် ကိုယ်လက်လှုပ်ရှားခြင်းများကို အမြဲ့လေ့ကျင်ခြင်းဖြင့် ကိုယ်ခန္တာကြံခိုင်မှုရရှိပြီး ကျန်းမာသန်စွမ်းသည့် လူငယ်များ ဖြစ်လာကာ နိုင်ငံအတွက် အားထားရသည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ပေါက်အောင် ကြိုးစာကြစေလိုကြောင်း ရှင်းလင်းပြောကြာသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က နွေရာသီ အားကစားသင်တန်း ထူးချွန်သူများအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ အားကစားနည်းအလိုက် သင်တန်းသား၊ သင်တန်းသူ (၆၅) ဦးကို သင်တန်းဆင်း လက်မှတ်များ အသီးသီး ပေးအပ်ခဲ့ကြောင်း သတင်းရသည်။

ဇော်ဝင်းအောင်