ဆင်ပေါင်ဝဲ မတ် ၂၁
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာမူလတန်းလွန်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဆင်ပေါင်ဝဲမြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စိန်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဒေါ်ရီရီဝင်းက ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းတွင် ဖြည့်သွင်းရမည့် ကိုယ်ရေးအချက်အလက်များ၊ ကိုယ်ရေးရာဇဝင်နှင့် ကာကွယ်ဆေးထိုးနှံထားခြင်းရာဇဝင်၊ ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံမှုအခြေအနေ၊ အာဟာရနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအခြေအနေများနှင့် အခြားရောဂါလက္ခဏာများနှင့်ပတ်သက်၍ ဖြည့်သွင်းစစ်ဆေးဆောင်ရွက်ရမည့် မှတ်တမ်းများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းသို့ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းကျန်းမာရေးတာဝန်ခံနည်းပြများနှင့် သင်သား၊ သင်တန်းသူ (၂၉၄)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မတ်လ ၂၁ ရက်နေ့မှ (၂၂) ရက်နေ့အထိ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)