သတင်းများ

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၄)လမ်းသွား ဆိပ်ကမ်းသာ ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
Mar 23,2024
၂၀၂၄ ခုနှစ်၊ (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ (၄)လမ်းသွား ဆိပ်ကမ်းသာကွန်ကရစ်လမ်းဖောက် လုပ်ခြင်း၊ ကွန်ကရစ်လမ်းချဲ့ခြင်း၊ တံတားတည်ဆောက်ခြင်း၊ လမ်းလည်ကျွန်းတည် ဆောက်ခြင်းဆိုင်ရာ လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ကြက်စားပြင်ရပ်၊ ဆိပ်ကမ်းသာလမ်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (လပွတ္တာ) အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၇) သင်တန်းဆင်းပွဲကျင်းပ
Mar 23,2024
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ လပွတ္တာမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၇) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် (၀၉:၀၀) နာရီအချိန်က အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၊ တိုင်းဒေသကြီးဥပဒေရေးရာလုပ်ငန်းကော်မတီ၏ ကလေးအလုပ်သမာပပျောက်ရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကျင်းပ
Mar 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၊ တိုင်းဒေသကြီးဥပဒေရေးရာလုပ်ငန်းကော်မတီ၏ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပူတာအိုမြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၆) သင်တန်းဆင်းပွဲ ကျင်းပ
Mar 23,2024
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ပူတာအို)၏ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက ပူတာအိုမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် SEZ စီမံကိန်းအတွက် ကျွမ်းကျင်လုပ်သားများပေါ်ထွက်လာရေး ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် ဒေသတွင်းအခြေခံလျှပ်စစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား ကျောက်ဖြူမြို့၌ ပြုလုပ်
Mar 23,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ခရိုင်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်းကာ ကျောက်ဖြူအထူးစီးပွားရေးဇုန် SEZ စီမံကိန်းလုပ်ငန်းအတွက် ကျွမ်းကျင်လုပ်သားများပေါ်ထွက်လာစေရေး ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် ဒေသတွင်းအခြေခံ လျှပ်စစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ကျုံပျော်မြို့နယ် သပြေကွင်း ကျေးရွာအုပ်စုတွင် ပြည်သူ့စစ်မှုထမ်းဥပ‌ဒေနှင့်ပတ်သက်၍ ရှင်းလင်းဆွေး‌နွေးပွဲ ပြုလုပ်
Mar 23,2024
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အများပြည်သူ နားလည်မှု မလွဲမှားစေရေးအတွက် စည်ရုံးဟောပြောခြင်း၊ သိသင်သိထိုက်သည့်အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ရှင်းလင်း ဆွေးနွေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ဧရာဝတီတိုင်း‌ဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု၊ သပြေကွင်းကျေးရွာ အခြေခံ ပညာမူလတန်းကျောင်း၌ ယမန်နေ့ မွန်းတည့် ၁၂ နာရီ အချိန်က ပြုလုပ်ခဲ့သည်။
လားရှိုးမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းတွင် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၆) သင်တန်းဆင်းပွဲ ကျင်းပ       
Mar 23,2024
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (လားရှိုး) တွင် ယမန်နေ့ နံနက် ၉ နာရီ အချိန်က အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးတင့် တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားသည်။
သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်
Mar 23,2024
မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် သထုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါခန်းမ၌ ကျင်းပပြုလုပ်သည်။