ကျောက်တန်းမြို့နယ်၊ ဥယျာဥ်ကျေးရွာ၌ မြစိမ်းရောင်(ငါးကဏ္ဏ)မှ မြစိမ်းရောင်ခန်းမဆောင်ဆောက်လုပ်ထားသော မြေကွက်ပိုင်ဆိုင်မှု စာရွက်စာတမ်းများလွှဲပြောင်းပေးအပ်

ကျောက်တန်း  မတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ဥယျာဥ်၌ မြစိမ်းရောင်(ငါးကဏ္ဏ)မှ မြစိမ်းရောင်ခန်းမဆောင်ဆောင်လုပ်ထားသော မြေကွက်ပိုင်ဆိုင်မှုစာရွက်စာတမ်းများ လွှဲပြောင်းပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီက ဥယျာဥ်ကျေးရွာ မြစိမ်းရောင်ခန်းမဆောင်၌  ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားကို ကျောက်တန်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခင်၀င်းနှင့်တာ၀န်ရှိသူများ၊ ဥယျာဥ်ကျေးရွာ၊ မြစိမ်းရောင်(ငါးကဏ္ဏ)ကော်မတီအဖွဲ့တာ၀န်ရှိသူများက မြစိမ်းရောင်စီမံကိန်အတိုးရငွေ၏ ၁၀ရာခိုင်နှုန်းကို ကျေးရွာဖွံ့ဖြိုးရေးအတွက် မြစိမ်းရောင်ခန်းမဆောင်ဆောက်လုပ်ထားရှိသည့် ၆၄ပေ x ၅၂ပ မြေကွက် တန်ဖိုးငွေကျပ် သိန်း ၄၅ သိန်းနှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။

နေလင်းကျော် (ပြန်ဆက်)