ကြို့ပင်ကောက် မတ် ၂၅
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ဘုကြီးကျးရွာအုပ်စု ဘုကြီးကျေးရွာ ဘုန်းတာ်ကြီးကျာင်းတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဟောပြာပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးက ကြို့ပင်ကောက်မြို့နယ်အတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အကျုံးဝင်သူများအား စာရင်းကာက်ယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း ယခုစာရင်းကောက်ယူခြင်းမှာ အသက် ၂၄ နှစ်နှင့် ၃၀ ကြားအမျိုးသားများကိုသာ စာရင်းကောက်ယူခြင်းဖြစ်ပြီး မည်သူတစ်ဦးတစ်ယာက်မျှ မကျန်ခဲ့စေရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန် အချိန်ကာလတို့ကိုရှင်းလင်း၍ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သတင်းတု၊ သတင်းမှားကောလာဟလများအားမယုံကြည်ကြရန် ပြောကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းသိန်းမှ လက်ရှိဖြစ် ပေါ်နေသော ဒေသအခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြည်သူများအနေဖြင့်သိရှိလိုသည်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးမေးမြန်းနိုင်ကြောင်းနှင့် တက်ရောက်လာသူများ၏မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဘုကြီးကျေးရွာနှင့် စိုင်ဂါင်းကျေးရွာတို့မှ ကျေးရွာသူ ကျေးရွာသား အင်အား ၇၅ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း