တောင်တွင်းကြီးမြို့နယ်၌ အ​ခြေခံပညာ ​(လယ်၊ မူ)အဆင့်ရှိ ဆရာ၊ ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ

တောင်တွင်းကြီး မတ် ၂၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ ​အ​ခြေခံပညာ​(လယ်၊ မူ)အဆင့်ရှိ ဆရာ၊ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင်​  ကျင်းပခဲ့သည်။

တောင်တွင်းကြီးမြို့နယ်တွင် ​အ​ခြေခံပညာ​(လယ်၊ မူ)အဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ကျင်းပရခြင်းမှာ တောင်တွင်းကြီးမြို့နယ်အတွင်း (အလယ်တန်း၊ မူလတန်း)အဆင့်ရှိ ဆရာ၊ ဆရာမအနေဖြင့် ဘာသာရပ်အလိုက် သင်ကြားမှုစွမ်းရည်နှင့် သင်ကြားမှုနည်းစနစ်များ ပိုမိုကျွမ်းကျင်လာစေရန်၊ သင်ကြားမှုလုပ်ငန်းများ စစ်ဆေးအကဲဖြတ်တတ်စေရန်၊ သတ်မှတ်ထားသော စံညွှန်းကိန်းများကို တတ်ကျွမ်းနားလည်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်၌ ​အ​ခြေခံပညာ​(လယ်၊ မူ)အဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို မတ်လ(၂၅)ရက်နေ့မှ (၃၀)ရက်နေ့အထိ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဘာသာရပ်အလိုက် တတ်ကျွမ်းသော ဆရာ၊ ဆရာမများမှ ဆွေးနွေးပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)